August 2025

KNU ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်အုပ်စုကြေညာ

နေပြည်တော်၊ သြဂုတ် ၂၈ ကရင်အမျိုးသားအစည်းအရုံး KNU ကို အာဏာသိမ်း စစ်ကော်မရှင်က အကြမ်းဖက်အုပ်စုနဲ့ မတရားအသင်းအဖြစ် သြဂုတ် ၂၈ ရက်နေ့ ညပိုင်းမှာ ကြေညာပါတယ်။ KNU ဟာ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူတို့ရဲ့ အေးချမ်းသာယာရေးတို့ကို အနှောင့်အယှက်အန္တရာယ်ဖြစ်စေခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က စွပ်စွဲထားပါတယ်။ သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ -MOI/…

အစ္စရေးနဲ့ နောက်ထပ် စစ်ပွဲတစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ အီရန် ပြော

ဂျက်ဒါ၊ သြဂုတ် ၂၈ ဂါဇာကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးနဲ့ ဆက်ဆံရေး ဖြတ်တောက်ပစ်ဖို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ် အာရက်ချီက အာရပ်နိုင်ငံတွေကို တိုက်တွန်းပြောကြားပြီး နောက်ထပ် စစ်ပွဲတစ်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောဆိုလာပါတယ်။ ဆောဒီအာရေးဗီးယားပိုင် Asharq al-Awsat သတင်းစာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အာရက်ချီက အီရန်အနေနဲ့ အစ္စရေးနဲ့ ဖြစ်ပွားမယ့် နောက်ထပ်…

သံမဏိကွန်ချာ လေကြောင်း ကာကွယ်ရေးစနစ် တူရကီ မိတ်ဆက်

အစ္စတန်ဘူလ်၊ သြဂုတ် ၂၈ သံမဏိကွန်ချာလို့ နာမည်ပေးထားတဲ့ တူရကီရဲ့ ပေါင်းစပ်ထားတဲ့ လေကြောင်း ကာကွယ်ရေးစနစ်ကို သမ္မတ အာဒိုဂန်က သြဂုတ် ၂၇ ရက်မှာ မိတ်ဆက်ပြသလိုက်ပါတယ်။ ဒီအခိုက်အတန့်ဟာ မိမိတို့နိုင်ငံနဲ့ မိမိတို့ရဲ့ ကာကွယ်ရေး လုပ်ငန်းနယ်ပယ် အတွက် အရေးကြီးတဲ့ အချိန်အခိုက်အတန့် တစ်ခု ဖြစ်တယ်လို့ သမ္မတ အာဒိုဂန်က ပြောပါတယ်။ ရေပြင်အခြေစိုက် လေကြောင်း…

သရက်ချောင်းမှာ အသက်မပြည့်သေးတဲ့ စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

သရက်ချောင်း၊ ဩဂုတ် ၂၈ တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ အသက်မပြည့်သေးတဲ့ စစ်မှုထမ်းသင် တန်းဆင်း တပ်သားတစ်ဦး အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားဟာ အသက် ၁၆ နှစ်အရွယ် ၆ တန်းကျောင်းသား မောင်ဇင်ကိုကိုဖြစ်ပြီး ကျောင်းပိတ်ချိန် အလုပ်ကအပြန် စစ်ကော်မရှင်တပ်သားတွေရဲ့ အတင်းအဓမ္မ ဖမ်း ဆီးခြင်းကို ခံခဲ့ရတာပါ။…

နိုင်ငံတဝန်းက အကျဉ်းထောင်ငါးခုမှာ အရေပြားရောဂါ ပိုမိုဖြစ်ပွားလာ

မော်လမြိုင်၊ ဩဂုတ် ၂၈ နိုင်ငံတဝန်းရှိ စစ်ကော်မရှင်ရဲ့ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ အရေပြားရောဂါဖြစ်ပွားတဲ့ အခြေအနေ ပိုမိုဆိုရွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ထံက သိရပါတယ်။ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသူတွေဟာ အရင်ကတည်းက နေရာထိုင်ခင်း အပါအဝင် ရေမသန့်ရှင်းမှုတွေကြောင့် အရေပြားရောဂါတွေ ဖြစ်ပွားနေရာမှ လက်ရှိမိုးရာသီမှာ ရောဂါကူးစက်မှုနှုန်း ပိုများလာတာပါ။ ဇွန်လကတည်းက အရေပြား ကူးစက်ရောဂါတွေ ပိုမိုဆိုးရွာလာတာဖြစ်ပြီး လက်ရှိ…

ရေဖြူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆ ဦးထက်မနည်းသေဆုံး

ရေဖြူ၊ သြဂုတ် ၂၈ တနင်္သာရီတိုင်း ရေဖြူမြို့နယ်က ခြောက်ရက်အတွင်း တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။ ရေဖြူမြို့နယ်ထဲက ကော့လှိုင်၊ မရမ်းချောင်း၊ သာယာမွန်နဲ့မိုင်(၆၀) ကျေးရွာတို့ကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် သြဂုတ် ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ…

စစ်အာဏာသိမ်း (၁၆၆၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၁၄၉) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၈ AAPP ရဲ့ သြဂုတ် ၂၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၆၉) ရက်အတွင်း ပြည်သူ (၇၁၄၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၅၉၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၄၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဆန္ဒမဲတစ်မဲဟာ ကိုယ်စားလှယ်လောင်းအပြင် ပါတီကိုပါ မဲပေးတဲ့ပုံစံနဲ့ ဆောင်ရွက်မယ်လို့ UEC ပြော

နေပြည်တော် ၊ ဩဂုတ် ၂၈ အထွေထွေရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစက်ကို သုံးပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒမဲတစ်မဲဟာ ကိုယ်စားလှယ်ကိုသာမက ပါတီကိုပါမဲပေးတဲ့ပုံစံနဲ့ ဆောင်ရွက်သွားမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် UEC က ပြောပါတယ်။ ဩဂုတ် ၂၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ နိုင်ငံရေးပါတီ ၆၁ ပါတီက ဥက္ကဌတွေ ခေါင်းဆောင်တွေ တာဝန်ရှိသူတွေ တွေ့ဆုံပွဲအခမ်းအနားမှာ…

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲမတိုင်မီ စစ်ကော်မရှင် လုံခြုံရေးတိုးမြှင့်

မော်လမြိုင် ၊ ဩဂုတ် ၂၈ မွန်ပြည်နယ်က မြို့နယ်အများစုမှာ အာဏာသိမ်းစစ်ကော်မရှင်က သူတို့ကျင်းပပြုလုပ်မယ့် အထွေ ထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လုံခြုံရေး အင်အား ထပ်မံတိုးမြှင့်ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသတွင်းမှာတော့ စစ်ကော်မရှင် လက်အောက်ခံတွေ ဖြစ်တဲ့ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေအပြင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ အင်အား…

ရေဖြူမှာ နှစ်ဖက်တိုက်ပွဲ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေ

ရေဖြူ၊ ဩဂုတ် ၂၈ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပြည်ထောင်စုလမ်းပိုင်းက ကျေးရွာတွေမှာ စစ်ကော်မရှင်တပ် စစ် ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတယ်လို့ PDF နည်း ဗျူဟာ ၃၃ တာဝန်ခံ စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ကစလို့ ရေဖြူမြို့နယ်…