August 2025

စစ်ကြောင်းဝင်ခဲ့တဲ့ သရက်ချောင်းမှာ နေအိမ် ၇၀ ကျော် မီးရှို့ခံရပြီး ဒေသခံနှစ်ဦး သတ်ဖြတ်ခံရ

သရက်ချောင်း၊ ဩဂုတ် ၂၈ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးခဲ့တဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ကျေးရွာသုံးရွာမှာ နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သားပြည်သူ နှစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်က ဥတ္တူ၊ စော်ဖျားနဲ့ မိုးရွှေကုန်းကျေးရွာတို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့…

သံတောင်ကြီး တိုက်ခိုက်ရေးကျောင်း ရှော့တိုက်ဒုံး ကိုးလုံးနဲ့ တိုက်ခိုက်ခံရ

သံတောင်ကြီး၊ ဩဂုတ် ၂၇ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Brave Warrior For Myanmar – BWM က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်ရေးကျောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့ ဩဂုတ် ၂၆ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ ရှော့တိုက်ဒုံး ၉…

PDF တပ်နဲ့ မွန်တပ် MSRF တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်း

မော်လမြိုင်၊ ဩဂုတ် ၂၇ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃) နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ဟာ ညီနောင်တပ်ဖွဲ့အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်တယ်လို့ နှစ်ဖက်တပ်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ တပ်ဖွဲ့နှစ်ဖွဲ့ဟာ ညီရင်းအကိုပမာ ရှေ့ဆက်ပြီး အာဏာရှင်တော်လှန်ရေး လုပ်ငန်းတွေကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ညီနောင်တပ်ဖွဲ့အဖြစ် ပူးပေါင်းဖွဲ့စည်းရတာ ဖြစ်တယ်လို့…

အိန္ဒိယအပေါ် ထရန့် ပြဌာန်းထားတဲ့ အခွန် ၅၀ ရာခိုင်နှုန်း အသက်ဝင်

နယူးဒေလီ၊ သြဂုတ် ၂၇ ရုရှားဆီက ရေနံနဲ့လက်နက်တွေ ဝယ်ယူနေတာကြောင့် ဒဏ်ခတ်တဲ့အနေနဲ့ အိန္ဒိယ ပို့ကုန်တွေအပေါ် ထပ်တိုးအခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ကြေညာခဲ့ပြီးနောက် သီတင်းပတ်တော်တော်များများ အကြာမှာ စုစုပေါင်း အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမှု အသက်ဝင်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ အားအကောင်းဆုံး လက်တွဲဖော်တွေထဲက…

အမေရိကန်ကုမ္ပဏီက တရုတ်သို့ ကုန်ကြမ်း တင်ပို့မှု ရပ်ထားလိုက်ပြီးနောက် မြေရှားဈေး စံချိန်တင် မြင့်တက်

လန်ဒန်၊ ဘေဂျင်း၊ သြဂုတ် ၂၇ ဝယ်လိုအား မြင့်တက်နေချိန် အမေရိကန် သတ္တုတွင်းကုမ္ပဏီ MP Materials က တရုတ်သို့ ကုန်ကြမ်းတင်ပို့မှုကို ရပ်တန့်လိုက်ပြီးနောက် မြေရှား သတ္တုဈေးဟာ နှစ်နှစ်ကျော် ကာလအတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိလာခဲ့ပါတယ်။ မြေရှားသတ္တု သန့်စင်နိုင်စွမ်း ၉၀ ရာခိုင်နှုန်းရှိပြီး တူးဖော်ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်း ရှိတဲ့ တရုတ်ဟာ တစ်ကမ္ဘာလုံး…

စစ်အာဏာသိမ်း (၁၆၆၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၁၃၂) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၇ AAPP ရဲ့ သြဂုတ် ၂၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၆၈) ရက်အတွင်း ပြည်သူ (၇၁၃၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၅၉၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၄၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ရွေးကောက်ပွဲ မတိုင်ခင် လူငယ်ဖိုရမ်ကျင်းပဖို့ စစ်ကော်မရှင်စီစဉ်နေ

ရန်ကုန် ၊ ဩဂုတ် ၂၇ အာဏာသိမ်းမှုအတွင်း လူငယ်တွေကို ဖိနှိပ်မှုပေါင်းစုံ လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်က အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ လူငယ်ဖိုရမ်တစ်ရပ်ကို လာမယ့် ရက်ပိုင်းအတွင်း ကျင်းပဖို့ စီစဉ်နေပါတယ်။ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ မျိုးဆက်သစ်လူငယ်တွေ တက်ကြွစွာပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် – ၂၀၂၅ ကို ရန်ကုန်မြို့မှာ ဩဂုတ် ၃၀…

မွန်ပြည်နယ်က နိုင်ငံရေးပါတီအများစု ကိုယ်စားလှယ်လောင်း ရှာမရဖြစ်နေ

မော်လမြိုင် ၊ ဩဂုတ် ၂၇ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီအများစုဟာ ကိုယ်စားလှယ်လောင်း ရရှိရေးအတွက် အသည်းအသန် ရှာဖွေနေရတယ်လို့ ပါတီတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပသွားမယ်လို့ ကြေညာပြီးနောက် နိုင်ငံရေးပါတီအနေနဲ့ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း…

ရေဖြူတိုက်ပွဲကြောင့် စစ်ဘေးရှောင် ၄၀၀၀ ကျော် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေ

ရေဖြူ၊ ဩဂုတ် ၂၇ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရေဖြူ-ကလိန်အောင်လမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွား နေတာကြောင့် စစ်ဘေးရှောင် ၄၀၀၀ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်က ရေဖြူ-ကလိန်အောင်လမ်းပိုင်းကို အင် အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ နေ့စဉ်နဲ့အမျှ…

ရွေးကောက်ပွဲ ပါဝင်သူတွေကို ခေါ်ယူထိန်းသိမ်းမယ်လို့ KNU တပ်မဟာ ၅ သတိပေး

ဖာပွန်၊ သြဂုတ် ၂၇ အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ပံ့ပိုးပေးတဲ့သူတွေကို သင့်တော်တဲ့နေရာမှာ ခေါ်ယူထိန်းသိမ်းထားတာ၊ နယ်နှင်ဒဏ်ပေးတာတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ KNU မူတြော်ခရိုင် တပ်မဟာ ၅ က သဘောထားထုတ်ပြန်ကြေညာပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် သဘောထားရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဩဂုတ် ၂၆ ရက်နေ့မှာ KNU မူတြော်ခရိုင် တပ်မဟာ ၅ က…