သရက်ချောင်း၊ ဩဂုတ် ၂၈

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးခဲ့တဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ကျေးရွာသုံးရွာမှာ နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သားပြည်သူ နှစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်က ဥတ္တူ၊ စော်ဖျားနဲ့ မိုးရွှေကုန်းကျေးရွာတို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ စော်ဖျားကျေးရွာက နေအိမ် ၅၀ ကျော်၊ မိုးရွှေကုန်းကျေးရွာက နေအိမ် ၂၀ နီးပါး၊ ဥတ္တူကျေးရွာ နေအိမ် နှစ်လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် မိုးရွှေကုန်းရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအနီးမှာ သတ်ဖြတ်ခံထားရတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားအလောင်း နှစ်လောင်းကို ဒေသခံတွေက စစ်ကြောင်းပြန်ထွက်သွားတဲ့ သြဂုတ် ၂၅ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။

စစ်ကြောင်းပြန်ထွက်သွားတဲ့ စစ်ရှောင်ပြည်သူအများစုဟာ သြဂုတ် ၂၇ ရက်နေ့ကစလို့ ကျေးရွာတွေထဲ ပြန်လည်ဝင်ရောက် နေထိုင်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သရက်ချောင်းတိုက်ပွဲကြောင့် ဥတ္တူ၊ စော်ဖျားနဲ့ မိုးရွှေကုန်းကျေးရွာတို့က ဒေသခံပြည်သူ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.