မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ချင်တယ်လို့ ထရန့် ပြော
ဝါရှင်တန်၊ဆိုးလ်၊ သြဂုတ် ၂၆ တောင်ကိုရီးယားသမ္မတ အသစ် လီဂျေးမြောင်ကို အိမ်ဖြူတော်က လက်ခံတွေ့ဆုံချိန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ချင်ကြောင်း သြဂုတ် ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ အခုနှစ်အတွင်း ကင်ဂျုံအန်နဲ့ တွေ့ချင်တယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောကြားပြီး သင့်တော်တဲ့အချိန်မှာ သူနဲ့ တွေ့ဆုံဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားနဲ့…
