ဘုတ်ပြင်း၊ ဩဂုတ် ၂၅
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် တောင်ယွန်းကျေးရွာအနီးမှာ စစ်တပ်ယာဉ်တန်း စောင့်ကြိုတိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့ သြဂုတ် ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ဘုတ်ပြင်းမြို့ကနေ လေညာမြို့ဘက်သို့ ဦးတည်တက်လာတဲ့ စစ်တပ်ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း(၂၀၃)၊ တပ်ခွဲ(၂)က စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က G2 အဆင့် အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးပြီးနောက် ဘုတ်ပြင်းမြို့နယ်ထဲ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ သြဂုတ် ၂၅ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာလည်း မြိတ်မြို့နေ တနင်္သာရီမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကား ၆ စီးပါ စစ်တပ်ရဲ့ ရိက္ခာယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရမ်းဖိုကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း စစ်ကားနှစ်စီး ပျက်စီးသွားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေတယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

