ရေဖြူ၊ သြဂုတ် ၂၈

တနင်္သာရီတိုင်း ရေဖြူမြို့နယ်က ခြောက်ရက်အတွင်း တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။

ရေဖြူမြို့နယ်ထဲက ကော့လှိုင်၊ မရမ်းချောင်း၊ သာယာမွန်နဲ့မိုင်(၆၀) ကျေးရွာတို့ကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် သြဂုတ် ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ခြောက်ရက်အတွင်း နှစ်ဖက်တိုက်ပွဲ ၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဘက်က ၃၆ ဦးထက်မနည်း သေဆုံးပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ဒဏ်ရာရသူ အများအပြား ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း -၂ ၊ဒေါနစစ်ကြောင်း – ၃ KBDF ၊ရေးဘီလူးတပ်ရင်း၊ ရာမညမွန်တပ်‌တော် RMA ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) တပ်ရင်း (၂၇) နဲ့ ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA) တို့ ပူးပေါင်းပါဝင်ကြပါတယ်။

ရေဖြူတိုက်ပွဲကြောင့် ကော့လှိုင်း၊ မရမ်းချောင်း၊ မိုင် ၆၀၊ သာယာမွန်ကျေးရွာတို့က ဒေသခံ ၄၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ စစ်ရှောင်အများစု နေရပ်ပြန်ရဲသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.