မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်ဆီ စစ်မှုထမ်းသင်တန်းဆင်းတွေ အလုံးအရင်းနဲ့ ပို့ဆောင်နေ
မကွေး ဩဂုတ် ၅ မကွေးနဲ့ ရခိုင်ပြည်နယ်အစပ်ကနေရာတွေဆီ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းတွေကို အလုံးအရင်းနဲ့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၃ ရက်မှာ စစ်မှုထမ်းတွေ အပြည့်တင်ဆောင်လာတဲ့ ကားအစီး ၂၀ ဟာ မိတ္ထီလာမြို့ကနေ မကွေးမြို့ပေါ်ကိုရောက်ရှိလာတာပါ။ “စစ်မှုထမ်း သင်တန်းဆင်းတွေလို့ သိရတယ်။ ကားတွေကတော့ မင်းဘူးဘက် ထွက်သွားတယ်။ အဲဒီကနေ ဘယ်သွားမယ်ဆိုတာ…
