ကျောက်ကြီး၊ ဩဂုတ် ၅

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း ၄၀ နီးပါး ယာယီပိတ်ထားရပြီး လက်ရှိအချိန်ထိ ကျောင်းမဖွင့်နိုင်သေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစပြီး ကျောက်ကြီးမြို့နယ်ရဲ့ ကျေးရွာပေါင်း ၈၀ ကျော်မှာ ရေကြီးနစ်မြှုပ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး ရေကြီးမှုကြောင့် KNU စာသင်ကျောင်း ၃၇ ကျောင်း ယာယီပိတ်ထားရတာပါ။

ပိတ်ထားရတဲ့ စာသင်ကျောင်းတွေမှာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနဲ့ မူလတန်ကျောင်းတွေလည်း ပါဝင်နေပြီး ရေကြီးရေလျှံမှုကြောင့် ကျောင်းသူကျောင်းသားတွေ ဒီကနေ့အထိ ကျောင်းမတက်နိုင်သေးပါဘူး။

ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၂၈,၀၀၀ ကျော် ရေဘေးသင့်ခဲ့ရပြီး မိုးစပါးစိုက်ဧက ၃၀,၀၀၀ ကျော် ရေကြီးနစ်မြှုပ်နေတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ KNU မုန်းမြို့နယ်မှာလည်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၅၇ ရွာ ရေကြီးနစ်မြှုပ်နေပြီး စာသင်ကျောင်း ၁၈ ကျောင်း ယာယီကျောင်းပိတ်ထားရပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနmမှု အရေးပေါ်အကူအညီတွေ ပေးအပ်ကြဖို့ KNU မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.