တနင်္သာရီတိုင်း စစ်ဘေးရှောင်တွေ ငှက်ဖျားရောဂါ အဖြစ်များနေ

တနင်္သာရီ၊ ဇွန် ၂၅ မိုးတွင်းကာလရောက်ရှိလာတာနဲ့အမျှ တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်အအများစုမှာ ငှက်ဖျားရောဂါ အဖြစ်များနေတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။ ပြီးခဲ့တဲ့ မေလလယ်မှစတင်ပြီး တနင်္သာရီတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာ လေပြင်းတိုက်ခိုက်မှုတွေ ကြုံတွေ့နေရနေမယ့် နှစ်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာတာကြောင့် စစ်ဘေးရှောင်အရေအတွက် ပိုတိုးလာခဲ့တာပါ။ မေလအတွင်းက တနင်္သာရီတိုင်းမှာ တိုက်ပွဲနဲ့ မိုင်းဆွဲတိုက်ခိုက်မှုအကြိမ်ရေ…

စစ်အာဏာသိမ်း (၁၉၇၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၁၂၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၂၅ AAPP ရဲ့ ဇွန်၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၇၀) ရက်အတွင်း ပြည်သူ (၈၁၂၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၂၃၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၉၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

သမ္မတ စစ်ပွဲ ဆက်လက်ဆင်နွှဲဖို့ အတည်ပြုချက် ရယူရမယ်လို့ အမေရိကန်လွှတ်တော် ဆုံးဖြတ်

ဝါရှင်တန် ဇွန် ၂၄ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အီရန်စစ်ရေးဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်က သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပါတယ်။ ဇွန် ၂၄ ရက်နေ့မှာ ရီပတ်ဘလီကန်ပါတီ အများစုထိန်းချုပ်ထားတဲ့ အမေရိကန် အထက်လွှတ်တော်က ထရန့်အနေနဲ့ အီရန်စစ်ပွဲကို ရပ်တန့်ဖို့ ဒါမှမဟုတ် ဆက်လက်စစ်ဆင်ရေးလုပ်ချင်ရင် ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို အရင်ရယူဖို့ တောင်းဆိုတဲ့ အဆိုပြုချက်ကို မဲခွဲ…

ဆရာဝန်နဲ့ အငြိမ်းစားတွေအပါအဝင် ထိုင်းနိုင်ငံသား ၉ သန်းကျော်ရဲ့ အချက်အလက်တွေ ခိုးယူခံရ

ဘန်ကောက် ဇွန် ၂၄ ထိုင်းနိုင်ငံမှာ လူပေါင်း ၉ သန်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုးယူပြီး ရောင်းစားနေတဲ့ ဂိုဏ်းတစ်ခုကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဇွန် ၂၃ ရက်နေ့က ပြည်နယ် ၁၆ ခုမှာရှိတဲ့ နေရာပေါင်း ၂၂ ခုကို တပြိုင်နက် ဝင်ရောက်စီးနင်းခဲ့ရာ သံသယရှိသူ ၉ ဦးကို ဖမ်းမိခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ…

နျူ ရေတပ်နဲ့ တန်ချိန် ၁၀၀၀၀ ရှိ စစ်သင်္ဘောတွေ တည်ဆောက်မယ့် အစီအစဉ် ကင်ဂျုံအန် မိတ်ဆက်

ပြုံးယမ်း ဇွန် ၂၄ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံရဲ့ ရေတပ်အင်အားကို ပိုမိုတိုးချဲ့သွားမယ့် အစီအစဉ်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ ရေတပ်ကို တည်ဆောက်သွားမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့အတူ တန်ချိန် ၁၀,၀၀၀ ရှိ စစ်သင်္ဘောကြီးတွေကို ဆက်တိုက် တည်ဆောက်သွားမယ်လို့ ပြောဆိုခဲ့တာပါ။ ဇွန် ၂၄ ရက်နေ့မှာ ကင်ဂျုံအန်ဟာ နမ်ဖိုဆိပ်ကမ်းမြို့မှာ ကျင်းပခဲ့တဲ့ “ချိုဟျွန်” စစ်သင်္ဘော…

အမေရိကန် သံတမန် သေဆုံးမှုနဲ့ ဆက်စပ်တဲ့ ထိုင်း အမျိုးသမီးကို လဝက ဥပဒေနဲ့ မြန်မာ ရုံးတင်

ရန်ကုန် ဇွန် ၂၄ ရန်ကုန်မြို့မှာ အမေရိကန်သံတမန်တစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ဇွန် ၂၃ ရက်နေ့က ကမာရွတ်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် ထိုင်းနိုင်ငံသူ ပါဝီနီး ဆူပါဆီရီဝီဆန်ဟာ မေလအတွင်း ဖြစ်ပွားခဲ့တဲ့ အမေရိကန်သံတမန် သတ်ဖြတ်ခံရမှုမှာ အဓိက သံသယရှိသူအဖြစ် စွပ်စွဲခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ လူသတ်မှုကို…

မွန်မှာ ရတခတိုင်းမှူးအသစ် လက်ထက် လေကြောင်းဗုံးကြဲမှု ပိုများလာ

မော်လမြိုင်၊ ဇွန် ၂၄ မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပိုများလာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ရတခတိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်ဟာ အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုးမြှင့်ခံရတာကြောင့် ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးကို ရတခတိုင်းမှူးအဖြစ် အသစ်ခန့်အပ်ခဲ့တာပါ။ ကျိုက်မရောမြို့နယ် ဇာတိဖြစ်တဲ့ ရတခတိုင်းမှူးအသစ် ဗိုလ်မှူးချုပ်…

နယ်စပ်လုံခြုံရေးအားနည်းမှု အစိုးရချင်းညှိနှိုင်းမယ်လို့ အာဏာသိမ်းသမ္မတပြော

နေပြည်‌တော် ၊ ဇွန် ၂၄ လက်ရှိအနေအထားမှာ နယ်စပ်လုံခြုံရေး အားနည်းနေတဲ့အပေါ် နှစ်ဘက်အစိုးရချင်းချင်း ညှိနှိုင်းရမယ့် ကိစ္စဖြစ်ပြီး အစိုးရကပဲ လုပ်လို့ ရတာမို့ တခြားအဖွဲ့အစည်းက ဝင်လုပ်လို့ မရဘူးလို့ စစ်အစိုးရရဲ့ သမ္မတ တာဝန်ယူထားတဲ့ ဦးမင်း‌အောင်လှိုင်က ပြောပါတယ်။ အာဏာသိမ်း သမ္မတရဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း တရုတ်အခြေစိုက် Phoenix သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ…

မွန်မှာ အုပ်ချုပ်ရေးမှူးတွေကို လက်သိပ်ထိုးခန့်အပ်ပြီး သင်တန်းပေးဖို့ ပြင်ဆင်နေ

မော်လမြိုင် ၊ ဇွန် ၂၄ မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ လက်သိပ်ထိုး ခန့်အပ်ပြီး မွမ်းမံသင်တန်းပေးဖို့ ပြင်ဆင်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်အစိုးရက လက်သိပ်ထိုး ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ အရင် အုပ်ချုပ်ရေးမှူး အဟောင်းတွေ၊ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတွေအပြင် စစ်အစိုးရရဲ့…

မြဝတီနယ်စပ်တိုက်ပွဲကြောင့် ထိုင်းကစာသင်ကျောင်းတချို့ ပိတ်ထားရ

မြဝတီ၊ ဇွန် ၂၄ ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးဒေသမှာ ထပ်မံဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံထဲ ကျည်ဆံတွေကျရောက်ခဲ့ပြီး ထိုင်းစစ်တပ်က လုံခြုံရေးတွေ တင်းကြပ်ကာ စာသင်ကျောင်းတချို့လည်း ပိတ်ထားခဲ့ရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၂၂ ရက်နေ့က မြဝတီမြို့တောင်ဘက် မြန်မာ-ထိုင်းနယ်စပ် မင်းလက်ပံရွာနဲ့ ဖလူးရွာဒေသတစ်ဝိုက်မှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းတွေနဲ့ KNLA…