ဖာပွန်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံး

ဖာပွန်၊ မတ် ၇ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ KNU ဖာပွန်ခရိုင်က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ…

၂၀၂၃ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ ရေနံဈေး အမြင့်ဆုံး နှုန်းထားသို့ ရောက်ရှိ

ဂျီနီဗာ၊ မတ် ၇ အီရန် စစ်ပွဲကြောင့် မတ် ၆ ရက်မှာ ကမ္ဘာ့ ရေနံဈေး ထပ်မံ မြင့်တက်လာပြီးနောက် ၂၀၂၃ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံး နှုန်းထားသို့ ရောက်ရှိလာခဲ့ပါတယ်။ အမေရိကန် အလုပ်အကိုင် ဈေးကွက်နဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေကို တင်ပြမှု အားနည်းတာကြောင့် အစုရှယ်ယာ ဈေးနှုန်းတွေလည်း အောက်တိုဘာ နောက်ပိုင်း အဆိုးရွားဆုံး…

ရေနံဈေးကြောင့် ဖိလစ်ပိုင် အစိုးရလုပ်ငန်းတွေမှာ တစ်ပတ်လုပ်ရက် ၄ ရက် သတ်မှတ်

မနီလာ၊ မတ် ၇ ဖိလစ်ပိုင် အစိုးရ အထူးရုံးခွဲတွေ လက်အောက်ရှိ ရွေးချယ်ထားတဲ့ ရုံးတွေမှာ မတ် ၉ ရက်က စတင်ပြီး တစ်ပတ် အလုပ်လုပ်ရက် ၄ ရက်တည်း ယာယီသတ်မှတ်ဖို့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ညွှန်ကြားထားပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် ရိုက်ခတ်မှုတွေကို ဖြေရှင်းရေး အစိုးရ အစီအစဉ်…

စစ်အာဏာသိမ်း (၁၈၆၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၈၅၂) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၇ AAPP ရဲ့ မတ်၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၆၀) ရက်အတွင်း ပြည်သူ (၇၈၅၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၅၆၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၉၆၃)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

မိုဘိုင်းဖုန်းတွေကို မှတ်ပုံတင်ခိုင်းမှုအပေါ် လုံခြုံ‌ရေးအတွက် ဘာတွေသတိထားသင့်လဲ

မော်လမြိုင် ၊ မတ် ၇ စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေကို ဒစ်ဂျစ်တယ် ယန္တရားပေါင်းစုံနဲ့ ဖိနှိပ်လာနေတဲ့ စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်က အခုအခါမှာ မိုဘိုင်းဖုန်းတွေကနေတဆင့် စောင့်ကြည့်ခြေရာခံနိုင်မယ့် စနစ်တစ်ခုကို လုပ်ဆောင်လာနေပါတယ်။ မိုဘိုင်းလက်ကိုင်ဖုန်းတွေအပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက်ပစ္စည်းတွေရဲ့ မူရင်းအမှတ်အသား IMEI ကို အသုံးပြုပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံစနစ် CEIR မှာ မှတ်ပုံတင်တဲ့ စနစ်ကို လုပ်ဆောင်နေတယ်လို့…

မွန်ပြည်နယ် အစိုးရသစ်ဖွဲ့ဖို့ စစ်ခေါင်းဆောင်အမိန့် စောင့်နေရ

မော်လမြိုင် ၊ မတ် ၇ စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေးရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် မွန်ပြည်နယ် အစိုးရသစ် ဖွဲ့စည်းရေးအတွက် စစ်ခေါင်းဆောင်ရဲ့ အမိန့်ကို စောင့်နေရတယ်လို့ ကြံ့ခိုင်ရေးပါတီအပါအဝင် စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို မတ်လ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။…

တနင်္သာရီ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်တိုက်ခိုက်ခံရပြီး လေးဦးသေဆုံး

တနင်္သာရီ၊ မတ် ၇ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ခြောက်မိုင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် အရာရှိတစ်ဦးအပါအဝင် စစ်ကော်မရှင်တပ်သား လေးဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်လောက်မှာ တပ်အင်အား ၆၀ ဝန်းကျင်နဲ့ ခြောက်မိုင်ကျေး…

အီရန်ကို တိုက်ခိုက်မှုအတွင်း မပါဝင်ရေး ဆုံးဖြတ်ချက်အတိုင်း ဗြိတိန် ရပ်တည်

လန်ဒန်၊ မတ် ၆ ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ကနဦး တိုက်ခိုက်မှုများ အတွင်း မပါဝင်ရေး မိမိဆုံးဖြတ်ခဲ့တဲ့အတိုင်း ဆက်လက်ရပ်တည်မှာ ဖြစ်ကြောင်းနဲ့ဆွေးနွေးမှုဟာ အကောင်းဆုံး ရှေ့ဆက်မယ့် နည်းလမ်း ဖြစ်မယ်လို့ ပြောပါတယ်။ ဒေါင်းနင်းလမ်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ်က ဗြိတိန်အနေနဲ့ တစ်ခုခု လုပ်ဖို့ ဖိအားဘယ်လိုပဲ ရှိရှိ…

အီရန်ကို တိုးမြှင့်တိုက်ခိုက်မယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဂျေရုစလင် ၊မတ် ၆ အီရန်ကို ပစ်အား သိသိသာသာ တိုးမြှင့်ပြီး တိုက်ခိုက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ အစ္စရေးကလည်း အီရန်အပေါ် စစ်ပွဲ နောက်တစ်ဆင့် ဆင်နွှဲမှာ ဖြစ်ကြောင်း ကြွေးကြော်ထားပါတယ်။ စစ်ပွဲ သတ္တမမြောက်နေ့သို့ ဝင်ရောက်လာချိန် အစ္စရေးက နောက်ထပ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် တီဟီရန် ဒေသခံတွေက…

စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲနေပေမယ့် အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် ပြောပြန်

နေပြည်တော်၊ မတ် ၆ စစ်ကော်မရှင်ရဲ့ ကန့်သတ်ချက်တွေကြောင့် စက်သုံးဆီ ဝယ်ယူရာမှာ အခက်အခဲများစွာ ရှိနေပေမယ့် စက်သုံးဆီ အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် လက်အောက်ခံ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။ စက်သုံးဆီအသင်းက အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွေကြောင့် စက်သုံးဆီ တင်သွင်းရာမှာ ကြန့်ကြာမှုတွေ ရှိနေပေမယ့် ပြည်သူလူထုရဲ့…