မော်လမြိုင်၊ ဧပြီ ၁၂

မွန်ပြည်နယ်မှာ စစ်မှုထမ်းသက်တမ်း နှစ်နှစ်ပြည့်မြောက်သွားတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း တပ်သားတွေထဲမှာ တပ်သား ၁၄၀ ဦးသာ အိမ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်မှုထမ်း သက်တမ်း နှစ်နှစ်ပြည့်မြောက်သွားတဲ့ စစ်မှုထမ်း တပ်သားတွေကို ဧပြီ ၁၁ ရက်နေ့က မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တာပါ။

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းတပ်သား ၁၄၀ ဦးကို ပြည်သူ့စစ်မှုထမ်း ထမ်းဆောင်ပြီးကြောင်း လက်မှတ်(ပုံစံ-၁၂)နဲ့ ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကော်မရှင်ဟာ မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းအတွက် လူငယ် ၅၀၀ ထက်မနည်း တပ်သားစုဆောင်းခဲ့တာပါ။

ဒါကြောင့် စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း တပ်သား ၅၀၀ မှာ ၁၄၀ သာ အိမ်ပြန်နိုင်တာကြောင့် စစ်မှုထမ်းတပ်သား ၃၆၀ ဦးဟာ တိုက်ပွဲအတွင်း သေဆုံးသွားတာလို့ နားလည်ရပါတယ်။

မွန်ပြည်နယ်က စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း တပ်သားတွေဟာ ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ် စစ်ဆင်ရေးတွေ အများဆုံး အပို့ခံရတာကြောင့် သေဆုံးမှု များပြားခဲ့တာလို့ စစ်တပ် CDM အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.