စစ်ခေါင်းဆောင်ရဲ့ အရပ်သားအစိုးရအသွင်ဆောင် အာဏာလွှဲပြောင်းမှု ထူးမခြားနား
နေပြည်တော် ၊ ဧပြီ ၁၂ ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်တပ် ခေါင်းဆောင်ရဲ့ အလုံးစုံအာဏာလက်မလွှတ်ရရေး ကြိုးပမ်းမှုဟာ ဝတ်ရုံလဲပြီး ဇာတ်ညွန်းဟောင်းတွေနဲ့ ထူးမခြားနားဖြစ်နေပါတယ်။ ၂၀၂၁ အာဏာသိမ်းချိန်ကနေ စစ်တပ်ဦးဆောင်တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကျင်းပပြီးချိန်ထိ အနိုင်ရပါတီကို နိုင်ငံ့တာဝန်တွေ လွှဲပြောင်းပေးမယ်လို့ ကြွေးကြော်ခဲ့မှုဟာ လက်တွေ့မှာတော့ စစ်ခေါင်းဆောင်လက်ထဲမှာသာ အာဏာကို အသွင်ပြောင်းပြီး ကြိုးကိုင်ထားတာပါ။…
