ရခိုင်နဲ့ ကချင်မှာ စစ်တပ်အထိနာနေချိန် ငြိမ်းချမ်းရေးအကြံပေးအဖွဲ့ကို စစ်အစိုးရ ဖွဲ့စည်း
နေပြည်တော် ၊ စက်တင်ဘာ ၁၂ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က စစ်မျက်နှာတွေမှာ စစ်တပ်ရဲ့ ထိုးစစ်တွေ အရေးမလှဖြစ်နေချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကြံပေးအဖွဲ့ကို စစ်အစိုးရရဲ့ နိုင်ငံတော်သမ္မတရုံးကနေ အမိန့်စာထုတ်ပြန်ပြီး ဖွဲ့စည်းကြောင်း အသိပေးထုတ်ပြန်လာပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ရဲ့ အကြံပေးအဖွဲ့ကို ဦးသိန်းစိန်လက်ထက်က…
