သတင်း

တိဘက်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် လူ ၁၆ ဦး သေဆုံး

ဘေဂျင်း၊ အောက်တိုဘာ ၂၃ တိဘက်ရှိ တောင်ထူထပ်တဲ့ ဒေသ တစ်ခုမှာ မဂ္ဂနီကျု ၇ အဆင့်ရှိ ငလျင် လှုပ်ခတ်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ကြေညာပါတယ်။ အာဏာပိုင်တွေက အရေးပေါ် အခြေအနေ ကြေညာထားပြီး လူ ၆၅ ဦး ဒဏ်ရာရရှိခဲ့တဲ့ တိဘက် ဒေသဆီ ကယ်ဆယ်ရေးအဖွဲ့တွေ…

စစ်အာဏာသိမ်း (၂၀၉၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၆၀၀)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၃ AAPP ရဲ့ အောက်တိုဘာ ၂၂ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၉၀) ရက်အတွင်း ပြည်သူ (၈၆၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၁၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၈၅)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်အပါအဝင် တောင်ပိုင်းက ပြည်သူတွေ လူသားမလုံခြုံမှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရ

မော်လမြိုင် ၊ အောက်တိုဘာ ၂၃ မြန်မာပြည်တောင်ပိုင်းဒေသက ပြည်သူတွေဟာ လူတစ်ဦးချင်းစီရဲ့ လူမှုစီးပွားနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် လူသားမလုံခြုံမှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်တဲ့ ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန RICE ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခုနှစ် ပထမ ၆ လတာအတွင်း မြန်မာပြည်တောင်ပိုင်း‌ဒေသတချို့မှာ လူသားလုံခြုံရေးဆိုင်ရာ သုတေသနတစ်ရပ်ကို…

မြဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ် ပိုက်စိပ်တိုက်ဖမ်းဆီးနေ

မြဝတီ၊ အောက်တိုဘာ ၂၃ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ်က ပိုက်စိပ်တိုက် ဖမ်းဆီးနေတာကြောင့် ထိုင်းကုန်ပစ္စည်း သယ်ယူပို့ဆောင်ဖို့ ပိုမိုကျပ်တည်းလာတယ်လို့ ကုန်သည်အသိုင်းအဝိုင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တရားမဝင်ကုန်စည်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကရင်ပြည်နယ် ဘားအံ ကော့ကရိတ် မြဝတီမြို့တွေမှာရှိတဲ့ ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းဆီးမှုတွေဟာ ဒီနောက်ပိုင်းမှာ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ပစ္စည်းတွေသိမ်းဆည်းတဲ့အပြင် လူတွေကိုပါ ပြန်ရွေးယူလို့မရတော့ဘဲ ဖမ်းဆီးထောင်ချနေပါတယ်။…

ရေးအခြေစိုက် ကျောင်းရွာတပ်က စစ်သား ၃ ဦး ထွက်ပြေး

ရေး၊ အောက်တိုဘာ ၂၃ မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ ခြေမြန်တပ်ရင်းက စစ်မှုထမ်း တပ်သား ၃ ဦး ထွက်ပြေးသွားတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ ရှေ့တန်းက ပြန်လာတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၅ သင်တန်းဆင်း တပ်သား ၃…

ယူကရိန်းမှာ Starlink အသုံးပြုခွင့်ကို အီလွန်မတ်စ်က ဆုံးဖြတ်တာဖြစ်ကြောင်း ကန် နိုင်ငံခြားရေးဝန်ကြီး ပြော

မွမ်ဘိုင်း၊ အောက်တိုဘာ ၂၂ ယူကရိန်းရဲ့ Starlink အင်တာနက်လိုင်း အသုံးပြုခွင့်ကို သူ့ရဲ့ မိခင် ကုမ္ပဏီ SpaceX နဲ့ သူဌေးကြီးး အီလွန်မတ်စ်တို့က ဆုံးဖြတ်တာ ဖြစ်ပြီး အိမ်ဖြူတော်က ဆုံးဖြတ်တာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောဆိုလိုက်ပါတယ်။ ယူကရိန်းရဲ့ Starlink အင်တာနက် ဝန်ဆောင်မှု အသုံးပြုခွင့်ကို အီလွန်မတ်စ်က…

ကနဦး ပြန်ပို့လိုက်သူတွေ မြန်မာနိုင်ငံမှာ ဖိနှိပ်ခံရရင် ဆက်မပို့တော့ဘူးလို့ မလေးရှား ပြော

ကွာလာလမ်ပူ ၊အောက်တိုဘာ ၂၁ မလေးရှားက ပြန်လည် ပို့ဆောင်လိုက်သူတွေ မြန်မာနိုင်ငံမှာ ဖိနှိပ်ခံရတာ၊ နှိပ်စက်ခံရတာ ဒါမှမဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ ရှင်းလင်းတဲ့ အထောက်အထား ဒါမှမဟုတ် အန္တရာယ် ရှိခဲ့မယ်ဆိုရင် မည်သူ တစ်ယောက်ကိုမှ ပြန်ပို့သွားမှာ မဟုတ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူတီယွန် အစ္စမေးလ်က ပြောပါတယ်။ အစိုးရက လေကင်းလုံခြုံရေးကို ထိပ်တန်း…

မွန်က စစ်ဆေးရေးဂိတ်တွေ ငွေတောင်းရင် တိုင်ကြားနိုင်တယ်လို့ စစ်အစိုးရ ပြော

နေပြည်တော်၊ အောက်တိုဘာ ၂၂ မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံရင် တိုင်ကြားနိုင်ပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ရဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။ မနေ့ အောက်တိုဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန်းမြင့်က မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ…

မူးယစ်ဥပဒေ ချိုးဖောက်မှု သံသယနဲ့ ပြည်ပမှာ ဖမ်းဆီးခံထားရတဲ့ မလေးရှား နိုင်ငံသား ၇၂ ဦးရှိ

မူးယစ်ဥပဒေ ချိုးဖောက်မှု သံသယနဲ့ ပြည်ပမှာ ဖမ်းဆီးခံထားရတဲ့ မလေးရှား နိုင်ငံသား ၇၂ ဦးရှိ ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၂ ဇန်နဝါရီကနေ အောက်တိုဘာ ၁၅ ရက်အထိ မူးယစ်ဆေးဝါး ၁၇၀၄ ကီလိုဂရမ်နဲ့ အတူ မူးယစ်ဆေးဝါး နဲ့ ဆက်စပ်တဲ့ ဥပဒေချိုးဖောက်မှု သံသယနဲ့ ပြည်ပမှာ ဖမ်းဆီးခံထားရတဲ့ မလေးရှားနိုင်ငံသား ၇၂ ဦးအထိ…

ရေဖြူ နဘုလယ်ဒေသမှာ စစ်ကြောင်းဝင်နေလို့ ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးနေရ

ရေဖြူ၊ အောက်တိုဘာ ၂၂ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက်မှာ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ နဘုလယ်ဒေသထဲက ဘုရားတန်းကျေးရွာကို…