မွန်ပြည်နယ်လွှတ်တော်

လွှတ်တော် ကတိကဝတ်တွေအား အစိုးရရဲ့ အကောင်အထည်ဖော်မှု တစ်ဝက်တောင် မရှိ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၂) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ ကတိဝင် မေးခွန်း အဆိုတွေအပေါ် အစိုးရရဲ့ အကောင်အထည် ဖော်ဆောင်ရွက်မှုဟာ (၅၀) ရာခိုင်နှုန်းတောင် မပြည့်ဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ အဆို (၄၈)ခု တင်သွင်းခဲ့ပြီး (၄၃)ခုကို လွှတ်တော်က အတည်ပြုထားပါတယ်။ တင်သွင်းခဲ့တဲ့အဆိုတွေမှာ…

မွန်ပြည်နယ်လွှတ်တော် နောက်ဆုံးအကြိမ် အစည်းအဝေး မကျင်းပဖြစ်

မော်လမြိုင် ၊ ဇန်နဝါရီ (၈) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေး မကျင်းပဖြစ်တော့ဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်းမှာ ကျင်းပသွားဖို့လျာထားပေမယ့် အချိန်မလုံလောက်တာကြောင့် မကျင်းပဖြစ်တော့တာလို့ ဆိုပါတယ်။ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက “တတိယအကြိမ်ကို လွှဲပြောင်းပေးဖို ဆောင်ရွက်နေတာအများကြီးရှိတယ် ဒီကြားလွှတ်တော်ခေါ်ဖို့လုပ်တယ်…

ဥပဒေများအပေါ် အစိုးရရဲ့ အကောင်အထည်ဖော်မှုကို အားမရဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ပြော

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃) မွန်ပြည်နယ်လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေတွေအပေါ် အစိုးရရဲ့ အကောင်အထည်ဖော်မှုကို အားမရဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်း (၅)နှစ်နီးပါးမှာ ဥပဒေအချို့ကို အသစ်ရေးဆွဲထားသလို ပြင်ဆင်ဖြည့်စွက်ထားတဲ့ ဥပဒေတွေလည်း ရှိနေပါတယ်။ အဲ့ဒီထဲမှာ စည်ပင်သာယာရေးဥပဒေကို ၂၀၁၇ ခုနှစ်မှာ မွန်ပြည်နယ်လွှတ်တော်က အတည်ပြု ပြဌာန်းခဲ့ပေမယ့် မွန်ပြည်နယ်အစိုးရကတော့…

ဒုတိယအကြိမ် မွန်လွှတ်တော် နောက်ဆုံးအစည်အဝေးကို ဇန်နဝါရီ တတိယအပတ်တွင် ကျင်းပမည်

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်းမှာ ကျင်းပသွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌက ပြောပါတယ်။ နောက်ဆုံးအကြိမ် အစည်းအဝေးမှာ မေးခွန်းမေးမြန်းတာတွေ အဆိုတင်သွင်းတာတွေအပြင် ဥပဒေကြမ်းတွေလည်း တင်သွင်းဆွေးနွေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ “လွှတ်တော်ခေါ်တာက အတိအကျတော့ မပြောနိုင်သေးဘူး ဇန်နဝါရီ တတိယအပတ်လောက်တော့ လျာထားချက်ရှိတယ် ဇန်နဝါရီ…

မွန်ပြည်နယ်အစိုးရအနေဖြင့် ကိုယ့်အုပ်ချုပ်ရေးမဏ္ဍိုင်ကို နိုင်နိုင်နင်းနင်းလုပ်ဖို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြော

မော်လမြိုင်၊ စက်တင်ဘာ (၁၉) မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ပြည်နယ်လွှတ်တော်ကို လာရောက်လွှမ်းမိုးတာမျိုးမလုပ်ဘဲ ကိုယ့်အုပ်ချုပ်ရေးပိုင်းကိုသာ နိုင်နိုင်နင်းနင်းအုပ်ချုပ်ဖို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။ “ အုပ်ချုပ်ရေးပိုင်းက ဝန်ကြီးချုပ်က အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကြီးကြပ်ရမယ့်အစား လွှတ်တော်ကို လာဟန့်တားနေတယ် “ လို့ လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောဆိုခဲ့သည်။ (၁၄)ကြိမ်မြောက်လွှတ်တော်အစည်းအဝေး ++++++++++++++++++++++++++++ မွန်ပြည်နယ်လွှတ်တော်၏ (၁၄)ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးကို စက်တင်ဘာလ (၁၉)ရက်နေ့က…

မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်ဖျက်သိမ်းပေးရန် မွန်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း

မော်လမြိုင်၊ စက်တင်ဘာ ၁၂ မွန်ပြည်နယ်မှာ မြို့ဝင်ကြေးကောက်ခံနေတဲ့ဂိတ်စခန်းတွေကို ဖျက်သိမ်းပေးဖို့အတွက် ဒီကနေ့ ကျင်းပတဲ့ (၁၁)ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တေ်ာအစည်းအဝေးမှာ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက အဆိုတင်သွင်းခဲ့သည်။ “မြို့ဝင်ကြေးဂိတ်တွေကြောင့် ခရီးသွားပြည်သူတွေ စိတ်အနှောင့်ယှက်ဖြစ်ရတဲ့အတွက် ဖျက်သိမ်းသင့် တယ်လို့“ ဦးအောင်ကျော်သူက ပြောသည်။ မြို့ဝင်ကြေးကောက်ခံရရှိတဲ့အခွန်အခတွေကနေ ရပ်ရွာဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ပေးနေသော်လည်း ခရီးသွားပြည်သူတွေရဲ့စိတ်ချမ်းသာမှုကို ဦးစားပေးရွေးချယ်သင့်တာကြောင့် မြို့ဝင်ကြေးဂိတ်ဖျက်သိမ်းရန် အဆိုကို ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်…

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခြောက်လတာအစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လိုသုံးသပ်သလဲ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လ)အထိ ခြောက်လတာ အစီရင်ခံစာကို မွန်ပြည်နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဒေါ်ခိုင်ခိုင်လဲ့နှင့် ဦးအောင်ကျော်သူက ယခုလို သုံးသပ်ထားသည်။ ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် “မြေပြင်မှာလုပ်တာနဲ့ လိုင်စင်ရဖို့လျှောက်တာတွေကတခြားစီဖြစ်နေတယ်။ ဒါတွေကိုမသိဘူးလားမေးရင်သိတယ်။ အရေးယူလားဆိုရင် အရေးမယူဘူး။ အစိုးရရဲ့အစီရင်ခံစာမှာပါတာနဲ့ မြေပြင်အနေအထားကတခြားစီပဲ။ အထွေထွေအုပ်ချုပ်ရေးဌာနက အစိုးရဆီတင်ပြတာတစ်မျိုးလား မြေပြင်မှာလုပ်နေတာကတစ်မျိုးလား ဒါတွေဟာအစိုးရသိဖို့ကောင်းတယ်။ အစီရင်ခံစာဆိုတာက လွှတ်တော်ကိုတင်တယ်ဆိုတာ ပြည်သူလူထုတွေကိုတင်ပြတာ…

၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် ရွေးကောက်ခံကိုယ်စားလှယ် (၁၂)ဦးသာ မေးခွန်း၊ အဆိုတင်သွင်းခဲ့

၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် ရွေးကောက်ခံကိုယ်စားလှယ် (၁၂)ဦးသာ မေးခွန်း၊ အဆိုတင်သွင်းခဲ့ မော်လမြိုင်၊ ဖေဖော်ဝါရီ ၁ ၂၀၁၇ခုနှစ်အတွင်း ကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးများ၌ ရွေးကောက်ခံ ကိုယ်စားလှယ် (၁၂) ဦးသာလျှင် အဆိုတင်သွင်းမှု မေးခွန်းမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဖေဖော် ဝါရီ (၁)ရက်နေ့တွင် ထုတ်ဝေခဲ့သည့် မွန်ပြည်နယ်လွှတ်တော် (၂၀၁၇ ခုနှစ်အတွင်း လှုပ်ရှားဆောင် ရွက်မှုများ) အစီရင်ခံစာတွင်…

ပထမတရက်သာ လွှတ်တော်တက်ပြီး နောက်ရက်များခွင့်ယူသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကို လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

မော်လမြိုင်၊ အောက်တိုဘာ ၄ရက် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တရက်သာ တက်ရောက်ပြီး နောက်ပိုင်း ရက်များတွင် ခွင့်ယူသွားသည့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးအား လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။

မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီကို ထပ်မံဖွဲ့စည်း

မော်လမြိုင်၊ ဇူလိုင် ၃ မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှသိရသည်။