မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်ဖျက်သိမ်းပေးရန် မွန်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း

0
9715

မော်လမြိုင်၊ စက်တင်ဘာ ၁၂

မွန်ပြည်နယ်မှာ မြို့ဝင်ကြေးကောက်ခံနေတဲ့ဂိတ်စခန်းတွေကို ဖျက်သိမ်းပေးဖို့အတွက်  ဒီကနေ့ ကျင်းပတဲ့  (၁၁)ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တေ်ာအစည်းအဝေးမှာ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက အဆိုတင်သွင်းခဲ့သည်။

“မြို့ဝင်ကြေးဂိတ်တွေကြောင့် ခရီးသွားပြည်သူတွေ စိတ်အနှောင့်ယှက်ဖြစ်ရတဲ့အတွက် ဖျက်သိမ်းသင့် တယ်လို့“ ဦးအောင်ကျော်သူက ပြောသည်။

မြို့ဝင်ကြေးကောက်ခံရရှိတဲ့အခွန်အခတွေကနေ ရပ်ရွာဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ပေးနေသော်လည်း ခရီးသွားပြည်သူတွေရဲ့စိတ်ချမ်းသာမှုကို ဦးစားပေးရွေးချယ်သင့်တာကြောင့် မြို့ဝင်ကြေးဂိတ်ဖျက်သိမ်းရန် အဆိုကို ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ ဒေါက်တာမင်းစိုးလင်းက ထောက်ခံဆွေးနွေးခဲ့သည်။

အဆိုပါမြို့ဝင်ကြေးကောက်ခံရေးဂိတ်များ ဖျက်သိမ်းပေးရန်အဆိုကိုလက်ခံဆွေးနွေးသွားရန် ပြည်နယ် လွှတ်တော်မှ အတည်ပြုဆုံးဖြတ်ခဲ့ပြီး လာမည့်ရက်အနည်းငယ်အတွင်းမှာ ဆွေးနွေးသွားရန်ရှိနေပါသည်။

ခရီးသွားပြည်သူတွေဟာ BOT လမ်းပေါ်မှာသွားနေသော်လည်း မြို့ဝင်ကြေးအခွန်တွေ ပေးနေရတာ ဟာ  အခွန်အခ နှစ်ကြိမ်ပေးနေရတဲ့သဘောသက်ရောက်နေကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက သုံးသပ်ပြောသည်။

ရိုက်ကူး – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.