နိုင်ငံတကာ

အစ္စရေး ခေါင်းဆောင်တွေကို သေဒဏ်ချမှတ်ဖို့ အီရန် ထိပ်တန်းခေါင်းဆောင် တောင်းဆို

ဒူဘိုင်း၊ နိုဝင်ဘာ ၂၆ ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟားမာ့စ်နဲ့ ဟစ်ဇဘိုလာအဖွဲ့ဆီ ကူညီမှုတွေပေးနေတဲ့ အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အစ္စရေးခေါင်းဆောင်တွေကို ဖမ်းဝရမ်း မထုတ်သင့်ဘဲ သေဒဏ်ချမှတ်သင့်တယ်လို့ နိုဝင်ဘာ ၂၅ ရက်က ပြောကြားလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမာ့စ် ခေါင်းဆောင် အေဗရာဟင်…

တရုတ်၊ မက္ကစီကိုနဲ့ ကနေဒါအပေါ် အခွန်တိုးကောက်မယ်လို့ ထရန့် ကြွေးကြော်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၆ အမေရိကန်နိုင်ငံထဲ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်မှုနဲ့ မူးယစ်ဆေး မှောင်ခို တင်သွင်းမှုတွေကို တားဆီးပေးဖို့ ဖိအားပေးတဲ့ အနေနဲ့ ဒေါ်နယ်ထရန့်က သူ့ရဲ့ သမ္မတသက်တမ်း ပထမဆုံးနေ့မှာပဲ တရုတ်၊ မက္ကစီကိုနဲ့ ကနေဒါတို့အပေါ် အခွန်အသစ်တွေ ပြဌာန်းသွားမှာ ဖြစ်တယ်လို့ ကြွေးကြော်လိုက်ပါတယ်။ လာမယ့် ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက်…

မိမိ အသတ်ခံရရင် သမ္မတ မားကို့စ်ကို လုပ်ကြံမယ်လို့ ဖိလစ်ပိုင် ဒုသမ္မတ ခြိမ်းခြောက်

မနီလာ နိုဝင်ဘာ ၂၅ ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေးက သူသတ်ဖြတ်ခံရလို့ရှိရင် လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို လုပ်ကြံသတ်ဖြတ်မယ်လို့ ပြောကြားလိုက်ပြီးနောက် နိုင်ငံမှာ လုံခြုံရေးအေဂျင်စီတွေဟာ ဘေးအန္တရာယ် ကင်းရှင်းရေး အစီအစဉ်တွေ တိုးမြှင့် လုပ်ဆောင်ခဲ့ရပါတယ်။ ဖိလစ်ပိုင်မှာ နိုင်ငံရေးအရ အင်အား အကောင်းဆုံး မိသားစုနှစ်စုကြား ပဋိပက္ခဖြစ်မှု ပိုမိုကျယ်ပြန့်လာတဲ့ လက္ခဏာအနေနဲ့ ဒုသမ္မတ…

ပါကစ္စတန်မှာ ဂိုဏ်းအဖွဲ့တွေ တိုက်ခိုက်မှုတွေကြောင့် လူ ၈၇ ဦး သေဆုံး

ကာရမ်၊ နိုဝင်ဘာ ၂၅ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အသစ်တစ်ဖန် ဖြစ်ပွားခဲ့တဲ့ ဂိုဏ်းဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း လူ ၈၇ ဦး သေဆုံးခဲ့ပြီးနောက် ၇ ရက်ကြာ အပစ်ခတ် ရပ်ဖို့ ညှိနှိုင်း ပေးခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။ အာဖဂန်နယ်စပ်အနီး တိုင်းရင်းသားဒေသ ကာရမ်ဒေသမှာ သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရသူ…

မြန်မာ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် လေ့လာဖို့ ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယား စေလွှတ်မယ်

ဖနွမ်းပင် နိုဝင်ဘာ ၂၅ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ တောင်းဆိုချက်ကြောင့် လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲ လုပ်ငန်းစဉ် လေ့လာဖို့ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က စေလွှတ်မယ်လို့ ခမာတိုင်းမ် သတင်းမှာ ဖော်ပြပါတယ်။ ၁၂ ကြိမ်မြောက် အာရှနိုင်ငံရေးပါတီတွေရဲ့…

ရုရှားက အသံထက်မြန်တဲ့ ဒုံးကျည်အသစ်နဲ့ ယူကရိန်းကို တိုက်ခိုက်

ကိဗ်၊ နိုဝင်ဘာ ၂၃ ရုရှားက ယူကရိန်းရဲ့ အချက်အချာကျတဲ့ မြို့ တစ်မြို့ကို အသံထက်ပိုမြန်တဲ့ စမ်းသပ်ဆဲ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် နေတိုးအဖွဲ့နဲ့ယူကရိန်းတို့ဟာ လာမယ့် နိုဝင်ဘာ ၂၆ ရက်မှာ အရေးပေါ် အစည်းအဝေး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရုရှားရဲ့ လက်နက်အသစ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ၃၃ လနီးပါးကြာ စစ်ပွဲအရှိန်ပိုမြင့်လာပြီး အရမ်းအရေးကြီးတဲ့…

သက်ဆင်နဲ့ ဖူထိုင်းပါတီအပေါ် တရားစွဲဆိုမှု ထိုင်းဖွဲ့စည်းပုံတရားရုံး ပယ်ချ

ဘန်ကောက်၊ နိုဝင်ဘာ ၂၃ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာနဲ့ ဖူထိုင်းပါတီတို့အပေါ် တရားစွဲဆိုထားမှုကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက အထောက်အထား မလုံလောက်ဘူးလို့ ဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။ ထိုင်း ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ရဲ့ ဖူထိုင်းပါတီတို့ဟာ ဖွဲ့စည်းပုံဆိုင်ရာ ဘုရင်စနစ်ကို အားလျော့အောင် လုပ်ဆောင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၉ အရ အရေးယူပေးရေး…

ပိုလန်ရှိ အမေရိကန် ဒုံးကျည် အခြေစိုက်စခန်းကို ဦးစားပေး ပစ်မှတ်အဖြစ် ရုရှား သတ်မှတ်

မော်စကို၊ နိုဝင်ဘာ ၂၂ ပိုလန်နိုင်ငံမှာရှိတဲ့ အမေရိကန် ဒုံးကျည်အခြေစိုက်စခန်းဟာ မော်စကိုနဲ့ နေတိုးအဖွဲ့ကြား နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ရုရှားက သတ်မှတ်လိုက်ပါတယ်။ ရုရှားပိုင်နက်ထဲအထိ တာဝေးပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်နိုင်တယ်လို့ ယူကရိန်းကို အမေရိကန်က ခွင့်ပြုလိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ ဘော်လ်တစ် ကမ်းရိုးတန်းအနီး ရက်ဇီကိုဝိုမြို့မှာရှိတဲ့ အဲဒီ အခြေစိုက် စခန်းကို ရုရှားက ရန်စတဲ့နေရာ အဖြစ်…

ရုရှားက မြောက်ကိုရီးယားကို ရေနံစည်ပေါင်း သန်းနဲ့ချီ ထောက်ပံ့

မော်စကို၊ နိုဝင်ဘာ ၂၂ ရုရှားက မြောက်ကိုရီးယားသို့ အခုနှစ် မတ်လနောက်ပိုင်းမှာ ရေနံစည်ပေါင်း တစ်သန်းကျော် ထောက်ပံ့ ပို့ဆောင်ထားကြောင်း ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ သုတေသနအဖွဲ့ Open Source Centre ရဲ့ ဂြိုဟ်တု ပုံရိပ်တွေအရ သိရပါတယ်။ ပြုံးယမ်းက မော်စကိုသို့ ပေးပို့ စေလွှတ်ထားတဲ့ လက်နက်တွေနဲ့ စစ်သားတွေအတွက် ရေနံ ပြန်လည်ပို့ဆောင်မှုဟာ ယူကရိန်းစစ်ပွဲကို…

အစ္စရေးဝန်ကြီးချုပ်နဲ့ ဟားမာ့စ်ခေါင်းဆောင်တွေကို ICC ဖမ်းဝရမ်းထုတ်

တယ်လ်အဗစ်၊ နိုဝင်ဘာ ၂၂ နိုင်ငံတကာ ရာဇဝတ်မှု တရာရုံး ICC က ဂါဇာ ကမ်းမြောင်ဒေသမှာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ အစ္စရေးက သုတ်သင်ပြီးပြီလို့ ပြောထားတဲ့ ဟားမာ့စ်အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ အကြီးအကဲ မိုဟာမက် ဒိုက်ယက်ဖ်တို့ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့ တရားရုံးရဲ့ နိုဝင်ဘာ ၂၁ ရက်…