နယူးဒေလီ ၊စက်တင်ဘာ ၇

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ ကျောင်းသားတွေ နေထိုင်တဲ့ အဆောက်အဦ တစ်ခုပြိုကျပြီးနောက် လူ ၆ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်က စက်တင်ဘာ ၇ ရက်မှာ ပြောပါတယ်။

အဆောက်အဦ အပျက်အစီးတွေကြား ပိတ်မိနေနိုင်သူတွေကို ကယ်ဆယ်ရေး သမားတွေက ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ကောလိပ်တွေနဲ့တက္ကသိုလ်တွေအနီး မြို့ရဲ့ တောင်ဖက်ပိုင်းမှာ တည်ရှိတဲ့ အဲဒီ အဆောက်အဦမှာ မြေအောက်ခန်း တစ်ခုရှိပြီး အပေါ်ထပ် ၅ ထပ်မှာ ကျောင်းသားတွေ နေထိုင်တာ ဖြစ်တယ်လို့ ပြည်တွင်း မီဒီယာမှာ ဖော်ပြပါတယ်။

အဆောက်အဦရဲ့ မြေအောက်ခန်းထဲမှာ ရေတွေ ရှိနေတာ သေချာပါတယ်။ ရေတွေ စုပြုံနေတာကြောင့် ပြုပြင်နေဆဲ ဖြစ်တဲ့အတွက် အဲဒီ အဆောက်အဦဟောင်း ပြိုကျတာ ဖြစ်တယ်လို့ ဒေလီ ဝန်ကြီးချုပ် ရီခါ ဂူပတာက သတင်းထောက်တွေကို ပြောပါတယ်။

ဌာနတွေ အားလုံးက ပိတ်မိနေသူတွေကို အသက်ရှင်လျက် ကယ်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်နေကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက် ပြောဆိုပါတယ်။

စက်တင်ဘာ ၆ ရက်က အဆောက်အဦ ပြိုကျပြီးနောက် အုတ်ခဲပုံတွေနဲ့ ကွန်ကရစ်တိုင် အကျိုးတွေ မြင်တွေ့ရပြီး ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ဒေသခံတွေက ပိတ်မိနေတဲ့ အသက်ရှင်ကျန်သူတွေကို ရှာဖွေနေကြတာ တွေ့ရ ပါတယ်။

လူ ၆ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် အနီးအနားရှိ ဆေးရုံတွေဆီ တင်ပို့ထားပြီး သူတို့တွေ အခြေအနေ တည်ငြိမ်တယ်လို့ ရုပ်သံလိုင်းတွေက ဖော်ပြထား ပါတယ်။

ရဲတပ်ဖွဲ့က အဆောက်အဦ ပိုင်ရှင်ကို ရှာဖွေနေတယ်လို့ ရုပ်သံလိုင်းတွေက ဖော်ပြထားပါတယ်။

အိန္ဒိယမှာ အဆောက်အဦတွေ မကြာခဏ ဆိုသလို ပြိုကျလေ့ရှိပြီး အထူးသဖြင့် ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်မှုတွေ များပြီး ဥပဒေ စည်းကြပ်မှု အားနည်းတဲ့ မြို့ပြ ဒေသတွေမှာ ပြိုကျလေ့ရှိပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.