September 7, 2026

စစ်အာဏာသိမ်း (၂၀၄၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၃၅) ဦးထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၇ AAPP ရဲ့ စက်တင်ဘာ ၆ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၄၅) ရက်အတွင်း ပြည်သူ (၈၃၃၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၈၈၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၂၄)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်အစိုးရနဲ့ ဗီယက်နမ်ကြား နယ်ပယ်စုံ ပူးပေါင်းမှုတိုးမြှင့်ဖို့ နှစ်ဘက်စလုံးလိုလား

နေပြည်တော် ၊ စက်တင်ဘာ ၈ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နိုင်ငံရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေး အပါအဝင် နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၄ ရက်ကနေ ၆ ရက်အထိ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်အစိုးရအဖွဲ့က ဗီယက်နမ်နိုင်ငံကို…

ကျိုက်မရောမှာ ထိုင်းကုန်ကားအစီး ၆၀ နီးပါး ဖမ်းဆီးခံရ

ကျိုက်မရော ၊ စက်တင်ဘာ ၈ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားအစီး ၆၀ နီးပါးကို အာဏာသိမ်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ကျိုက်မရော-မော်လမြိုင်ကားလမ်းရှိ ကြက်သွန်ကုန်းနဲ့ နတ်စမ်းကျေးရွာကြားမှာ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။…

‎သထုံက အရက်ဆိုင်တွေမှာ စစ်တပ်ပေါ်တာဆွဲနေ

သထုံ၊ စက်တင်ဘာ ၈ မွန်ပြည်နယ် သထုံမြို့ပေါ်ရပ်ကွက်တွေရှိ အရက်ပုန်းဆိုင်တွေမှာ အာဏာသိမ်းစစ်တပ်၊ရဲနဲ့ပြည်သူ့စစ်အဖွဲ့တွေက ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာလဆန်းပိုင်းကစလို့ သထုံမြို့ နန်းခဲ၊ လိပ်အင်းနဲ့ အောက်ကျင်းရပ်ကွက်တို့ရှိ အရက်ပုန်းဆိုင်တွေမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်လာပါတယ်။ စက်တင်ဘာ ၅ ရက်နေ့က အောက်ကျင်းရပ်ကွက် အောင်မြေရွေဘုံပိုင်းရှိ အရက်ဆိုင်မှာ…

ထိုင်းက စစ်မှုထမ်းဖို့ ဆန္ဒရှိတဲ့ လူငယ်တွေကို လစာဘတ် ၁၅၀၀၀ နဲ့ စတင် ခေါ်ယူ

ဘန်ကောက်၊ စက်တင်ဘာ ၇ ထိုင်းအစိုးရက မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းမယ့် လူငယ်တွေအနေနဲ့လာမယ့် သီတင်းပတ်က စတင်ပြီး လျှောက်လွှာတင်နိုင်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ စစ်မှုထမ်း သတ်မှတ်ချက် အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ အရန် စစ်သားတွေ၊ အရင်က စစ်သင်တန်း တက်ထားဖူးသူတွေအနေနဲ့ တစ်လကို လစာနဲ့ ထောက်ပံ့ကြေး ဘတ် ၁၅၀၀၀ အထိ ရရှိမှာ ဖြစ်ပါတယ်။ ၂၀၂၆…

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အဆောက်အဦ ပြိုကျမှုကြောင့် ၆ ဦး သေဆုံး

နယူးဒေလီ ၊စက်တင်ဘာ ၇ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ ကျောင်းသားတွေ နေထိုင်တဲ့ အဆောက်အဦ တစ်ခုပြိုကျပြီးနောက် လူ ၆ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်က စက်တင်ဘာ ၇ ရက်မှာ ပြောပါတယ်။ အဆောက်အဦ အပျက်အစီးတွေကြား ပိတ်မိနေနိုင်သူတွေကို ကယ်ဆယ်ရေး သမားတွေက ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။…

ဘီးလင်းမှာ စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး သေဆုံး

ဘီးလင်း၊ စက်တင်ဘာ ၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ညောင်ထောက်ကျေးရွာမှာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံက သိရပါတယ်။ မနေ့ စက်တင်ဘာ ၆ ရက်နေ့ နေ့လည် ၃ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲမရှိဘဲ ညောင်ထောက်ကျေးရွာထဲကို ၈၁ မမ…

PDF တည်ထောင်မှု ၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ဘက်ဆိုင်ရာ ဆုတံဆိပ် ၁၇၀၀ ကျော် NUG ချီးမြှင့်

မော်လမြိုင် စက်တင်ဘာ ၇ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တော်လှန်ရေးကာလအတွင်း စစ်ရေးတာဝန်တွေကို ထူးချွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီဆုတွေထဲမှာတော့ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့…

ဖျက်သင်္ဘော အသစ်ဟာ နျူကလီးယား တုံ့ပြန်ရေး စနစ် တစ်စိတ်တစ်ပိုင်း ဖြစ်လာမယ်လို့ ကင်ဂျုံအန် ပြော

ဆိုးလ်၊ စက်တင်ဘာ ၇ မြောက်ကိုရီးယားရဲ့ အသစ်လွင်ဆုံး ဖျက်သင်္ဘောဟာ နျူကလီးယား တုံ့ပြန်ရေး စနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာ ဖြစ်ပြီး အမြစ်ဖြတ် လက်စားချေ တိုက်ခိုက်မှုတွေ ပြုလုပ်ပေးနိုင်လိမ့်မယ်လို့ နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်က ပြောလိုက်ပါတယ်။ သူ့ရဲ့ ပြောဆိုချက်တွေကို စက်တင်ဘာ ၇ ရက်က မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြရာမှာ အဲဒီ…

ကရင်မှာ လူငယ် ၅၀ ထက်မနည်း စစ်သားစုဆောင်းခံရ

ဘားအံ၊ စက်တင်ဘာ ၇ ကရင်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၈ သင်တန်းအတွက် လူငယ် ၅၀ ထက်မနည်း စစ်သားစုဆောင်းခံခဲ့ရတယ်လို့ စစ်တပ် အသွင်ပြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်မှုထမ်း တပ်သားစုဆောင်းခံရသူတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ နယ်မြေခံသင်တန်းကျောင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ တာဝန်ရှိသူများက…