ဟောမုဇ် ရေလက်ကြားအရေး အီရန်နဲ့တောင်ကိုရီးယား ဆွေးနွေး
ဆိုးလ်၊ စက်တင်ဘာ ၁၁ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟျွန်းနဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီတို့ဟာ စက်တင်ဘာ ၁၁ ရက်မှာ ဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ကြပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ လွတ်လပ်စွာ သွားလာနိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဝန်ကြီးချိုဟျွန်း က အရှေ့အလယ်ပိုင်းဒေသ အခြေအနေအပေါ်…
