နိုင်ငံတကာ

ကမ္ဘာ့ မြေပုံအသစ် အသုံးပြုရေး ကုလသမဂ္ဂ မဲခွဲ ဆုံးဖြတ်

နယူးယောက်၊ စက်တင်ဘာ ၄ အာဖရိကတိုက်ရဲ့ အရွယ်အစားကို ပိုပြီး တိတိကျကျ ဖော်ပြထားတဲ့ ကမ္ဘာ့မြေပုံအသစ် လက်ခံအသုံးပြုရေး အစဉ်အလာအတိုင်း အသုံးပြုနေတဲ့ မာကာတာ မြေပုံ အသုံးပြုမှု တရားဝင် အဆုံးသတ်ရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံက စက်တင်ဘာ ၄ ရက်မှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို အာဖရိကသမဂ္ဂ အဖွဲ့ တခြား…

ပြည်ပထောက်ပံ့မှုနဲ့ ဒရုန်းတွေကြောင့် ဆူဒန် စစ်ပွဲကို လောင်စာဖြည့်ပေးသလို ဖြစ်နေတယ်လို့ ကုလ ပြော

ဂျီနီဗာ ၊ စက်တင်ဘာ ၃ ပြည်ပ လက်နက်တွေ၊ စစ်ရေးနည်းပညာ၊ တိုက်ခိုက်ရေးသမားတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်တွေက ဆူဒန် စစ်ပွဲကို အားဖြည့်ဖို့ အထောက်အကူ ပြုနေတယ်လို့ ကုလသမဂ္ဂ အချက်အမှန် ရှာဖွေရေး အဖွဲ့ရဲ့ စက်တင်ဘာ ၃ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီလို လောင်စာ ဖြည့်တင်းပေးမှုတွေကြောင့် စစ်ခင်းနေတဲ့ အဖွဲ့တွေဟာ အရပ်သားတွေ…

အငြင်းပွား သန္တာကျောက် ကျွန်းခွေမှာ တရုတ် သင်္ဘော အစီး ၂၀၀ ကျော် တွေ့ရှိထားတယ်လို့ ဂျပန် ပြော

တိုကျို၊ စက်တင်ဘာ ၃ တရုတ်နဲ့ တခြား နိုင်ငံတွေက သူတို့ပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ တောင်တရုတ် ပင်လယ်ရှိ အငြင်းပွားနေတဲ့ သန္တာကျောက် ကျွန်းခွေမှာ ကျောက်ချရပ်တန့်ထားတဲ့ တရုတ် ငါးဖမ်းသင်္ဘော အစီးရေ ၂၀၀ ကျော်ကို တွေ့ရှိကြောင်း ဂျပန်နိုင်ငံက ဂြိုဟ်တုပုံရိပ် လေ့လာမှု တစ်ခုအရ သိရပါတယ်။ ဂျပန်ရှိ အမြတ်မယူတဲ့ ပုဂ္ဂလိက ထောက်လှမ်းရေး အဖွဲ့အစည်း…

ရေဘေးကြုံပြီးနောက် တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယတို့ဆီကနေ ရာသီဥတုဆိုင်ရာ လျော်ကြေး နီပေါ တောင်းခံ

ခတ္တမန္တူ ၊ စက်တင်ဘာ ၃ လူ ၁၀၀၀ ကျော် သေဆုံးပြီး တခြားထောင်ပေါင်းများစွာ ပျောက်ဆုံးခဲ့တဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နီပေါက ကမ္ဘာပေါ်မှာ ဖန်လုံအိမ် ဓာတ်ငွေ့အများဆုံး ထုတ်လွှတ်တဲ့ နိုင်ငံတွေဆီကနေ ရာသီဥတုဆိုင်ရာ လျော်ကြေး တောင်းခံလိုက်ပါတယ်။ တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ အလွန်များပြားတဲ့ လုပ်ရပ်တွေကြောင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စေပြီး နိုင်ငံငယ်လေးတွေက…

နေပြည်တော် အစိုးရနဲ့ ဆက်ဆံရေး ပုံမှန်ထားရှိမှုကြောင့် ထိုင်းသံရုံးတွေကို ကမ္ဘာတဝှမ်း မြန်မာတွေ ဆန္ဒပြ

လန်ဒန်၊ စက်တင်ဘာ ၃ စက်တင်ဘာ ၂ ရက်က နိုင်ငံပေါင်း ၆ နိုင်ငံရှိ ထိုင်း သံရုံးတွေ အပြင်ဖက်မှာ မြန်မာနိုင်ငံသားများနဲ့ နိုင်ငံတကာထောက်ခံသူတွေ ချိတ်ဆက်ပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ထိုင်းအစိုးရအနေနဲ့ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သံတမန်ရေး စေ့စပ် ဆက်ဆံမှုတွေ ရပ်တန့်ရေး ဒုက္ခသည်တွေကို အတင်းအကြပ် ပြန်လည် ပို့ဆောင်မှု ရပ်တန့်ရေး…

အရေးပေါ် စွမ်းအင်ထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်ဖို့ တောင်ကိုရီးယားနဲ့ ဂျပန် ဆွေးနွေး

ဆိုးလ်၊ စက်တင်ဘာ ၂ တောင်ကိုရီးယားနဲ့ဂျပန်ကြား စွမ်းအင်ထောက်ပံ့ရေး ကွင်းဆက်တွေ အကောင်အထည်ဖော်ရေး ပထမဆုံး အစည်းအဝေးကို တိုကျိုမြို့မှာ ကျင်းပခဲ့ ပါတယ်။ စွမ်းအင် ထောက်ပံ့မှုနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေနိုင်မယ့် နည်းလမ်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယား စက်မှုဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။ ဓာတ်ငွေ့အရည် (LNG)၊ ရေနံစိမ်းနဲ့ ဓာတ်ဆီ…

ရေဘေးကြုံပြီး တစ်ပတ်အတွင်း တရုတ်က နီပေါနယ်စပ်သို့ ဆက်သွယ်တဲ့ လမ်းမ ပြန်လည်တည်ဆောက် ပြီးစီး

ဘေဂျင်း၊ စက်တင်ဘာ ၂ တရုတ်နဲ့ နီပေါကြား နယ်စပ်ဖြတ်လမ်း ဂရီယွန်ဒေသသို့ ဦးတည်သွားတဲ့ လမ်းဟာ ရေဘေးကြောင့် ပျက်စီးသွားပြီးနောက် သီတင်းတစ်ပတ်အတွင်း အပြည့်အဝ ပြန်လည် တည်ဆောက်ပြီး ဖြစ်ကြောင်း သိရပါတယ်။ နီပေါ-တိဗက် နယ်စပ် အပေါ်ပိုင်းမှာ ရေခဲမြစ် တစ်ခု ပြီးခဲ့တဲ့ သီတင်းပတ်က ပြိုကျပြီးနောက် အဲဒီ နယ်စပ်လမ်း တစ်စစီ ပျက်စီးသွားပြီး ရေခဲထုတွေ၊…

ပူတင်၊ ရှီကျင့်ဖျင်နဲ့ ထရန့်တို့ နိုဝင်ဘာလအတွင်း သုံးပွင့်ဆိုင် တွေ့ဆုံဖို့ ရှိတယ်လို့ ရုရှား ပြော

မော်စကို ၊ စက်တင်ဘာ ၂ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ နိုဝင်ဘာလအတွင်း ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး APEC ညီလာခံမှာ သုံးပွင့်ဆိုင် ဆွေးနွေးဖွယ် ရှိတယ်လို့ ကရင်မလင် နန်းတော် အရာရှိ ယူရီ အူရှာကော့ဗ်က စက်တင်ဘာ…

စစ်မြေပြင်မှာ ရုရှား အနိုင်ရနေပြီး အကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းမှာ မဟုတ်ဘူးလို့ ပူတင် ပြော

မော်စကို ၊ စက်တင်ဘာ ၂ သမ္မတ ဗလာဒီမာ ပူတင်က ရုရှားအနေနဲ့ ယူကရိန်း စစ်ပွဲမှာ အနိုင်ရနေပြီး ယူကရိန်း ခေါင်းဆောင်ပိုင်းဟာ မော်စကိုအနေနဲ့ ညှိနှိုင်းလို့ မရနိုင်တဲ့ အကြမ်းဖက်သမားတွေ ဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်မှာ ပြောလိုက်ပါတယ်။ သီတင်းပတ် များစွာအတွင်း စစ်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ အသေးစိတ် အကျဆုံး ပြောဆိုမှုတွေအဖြစ်…

ရေ ခါးလယ်အထိ မြုပ်နေတဲ့ ဘုရားကျောင်းထဲမှာ မင်္ဂလာဆောင်ခဲ့တဲ့ ဖိလစ်ပိုင်စုံတွဲ

မနီလာ၊ စက်တင်ဘာ ၁ ဖိလစ်ပိုင်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေချိန် စုံတွဲတစ်တွဲက ရေခါးလယ်အထိ မြုပ်နေတဲ့ ကက်သလစ်ဘုရားကျောင်းထဲမှာ မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့ပါတယ်။ အသက် ၃၀ ကျော်အရွယ် လီအန်လိုင်ဇာဂါလန်နဲ့ ဂီဘတ်ချီကိုတို့ဟာ စက်တင်ဘာ ၁ ရက်နေ့မှာ မနီလာမြို့မြောက်ဘက် ဟန်ဂိုနွိုင်မြို့ရှိ Saint John the Baptist ဘုရားကျောင်းမှာ လက်ထပ်ထိမ်းမြားခဲ့ကြတာပါ။ သတို့သမီး…