နိုင်ငံတကာ

ထရန့် ထောက်ခံတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုကို ကွန်ဂိုနဲ့ ရဝမ်ဒါတို့ လက်မှတ်ရေးထိုး

ဝါရှင်တန်၊ ဒီဇင်ဘာ ၅ ဒေသတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပေမယ့် ကွန်ဂိုပြည်ထောင်စုနဲ့ ရဝမ်ဒါ ခေါင်းဆောင်တို့ ဒီဇင်ဘာ ၄ ရက်က ဝါရှင်တန်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ထောက်ခံတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရဝမ်ဒါ သမ္မတ ပေါလ် ကာဂါမီနဲ့ ကွန်ဂို ပြည်ထောင်စု သမ္မတ ဖီးလစ် တီရှီဆီကီဒီတို့က…

ယူကရိန်း တပ်ဖွဲ့များ မဆုတ်ခွာရင် ဒွန်ဘတ်စ်ဒေသကို အင်အားသုံး သိမ်းပိုက်မယ်လို့ ပူတင် သတိပေး

မော်စကို၊ ဒီဇင်ဘာ ၅ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကနေ ယူကရိန်းတပ်ဖွဲ့တွေ အားလုံး ထွက်သွားရမှာ ဖြစ်ပြီး မထွက်သွားရင် အင်အားသုံး သိမ်းပိုက်မှာဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးပြီး စစ်ပွဲ အဆုံးသတ်ရေး နည်းလမ်းတွေနဲ့ပတ်သက်လို့ ညှိနှိုင်းမှု မှန်သမျှကို ပယ်ချလိုက်ပါတယ်။ ဒွန်ဘတ်စ်ဒေသရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကို မော်စကိုက ထိန်းချုပ်ထားချိန်မှာ ယူကရိန်း တပ်ဖွဲ့တွေ မဆုတ်ခွာဘူးဆိုရင်…

ထိုင်းလေဆိပ်တွေမှာ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေအတွက် အခွန် ၅၃ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံမယ်

ဘန်ကောက်၊ ဒီဇင်ဘာ ၄ နိုင်ငံတကာလေကြောင်း ခရီးစဉ်တွေနဲ့ ပြည်ပသို့ ထွက်ခွာမယ့် ခရီးသည်တွေအတွက် လေဆိပ်အခွန်လို့ အများအားဖြင့် သိထားကြတဲ့ ခရီးသည် ဝန်ဆောင်မှု အဖိုးအခကို ၅၃ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရေး ထိုင်းလေကြောင်း ပျံသန်းရေးဆိုင်ရာဘုတ်အဖွဲ့က သဘောတူခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေအတွက် ဝန်ဆောင်မှု အဖိုးအခကို ဘတ် ၇၃၀ ကနေ ဘတ်…

မြန်မာ့တော်လှန်ရေးကို ဂရီတာ သွန်ဘာ့ဂ် ထောက်ခံ

စတော့ဟုမ်း၊ ဒီဇင်ဘာ ၄ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ဒီဇင်ဘာ ၂ ရက်က ကျင်းပခဲ့တဲ့ Right Livelihood ဆုပေးပွဲ အခမ်းအနားမှာ သတင်းဖွင့်ချရေးအဖွဲ့ Justice for Myanmar အတွက် ဆွီဒင်တက်ကြွလှုပ်ရှားသူ၊ ၂၀၁၉ Right Livelihood ဆုရင် ဂရီတာ သွန်ဘာ့ဂ်က ဆုလက်ခံ မိန့်ခွန်း တစ်ရပ် ပြောကြားခဲ့ပါတယ်။ စစ်တပ်ရဲ့…

ကျားဖြန့်ကွန်ရက်တွေနဲ့ ဆက်စပ်တဲ့ ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၃၀၀ ကျော်ကို ထိုင်း သိမ်းဆည်း

ဘန်ကောက်၊ ဒီဇင်ဘာ ၄ အရှေ့တောင်အာရှတဝှမ်း လှုပ်ရှားနေတဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ဝင်ငွေ ရှိတဲ့ ရာဇဝတ်ကွန်ရက်တွေနဲ့ ဆက်နွယ်နေတဲ့ ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၃၀၀ ကျော်ကို ထိုင်းက သိမ်းဆည်းလိုက်ကြောင်း ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ဒီဇင်ဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။ အာရှ၊ ဥရောပနဲ့ အမေရိကန်အရာရှိတွေက ကမ္ဘောဒီးယား Prince…

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တစ်ဦးကို တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းသိမ်းထား

ဘန်ကောက်၊ ဒီဇင်ဘာ ၄ အခုလကုန်ပိုင်း ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမတိုင်ခင် ကိုယ်စားလှယ်လောင်း တစ်ဦးကို တော်လှန်ရေး တပ်ဖွဲ့တွေက ထိန်းသိမ်းထားကြောင်း မြန်မာ စစ်တပ် ထိန်းချုပ်ထားတဲ့ မီဒီယာက ဒီဇင်ဘာ ၃ ရက်မှာ ဖော်ပြပြီး ဒါဟာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတစ်ဦးကို တော်လှန်ရေး တပ်များက ပထမဆုံး ဖမ်ဆီးထိန်းသိမ်းမှု ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ…

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံး အဆင့်ရောက်ရှိနေပြီလို့ ကုလ ပြော

နယူးယောက်၊ ဒီဇင်ဘာ ၃ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဆယ်စုနှစ် တစ်စုအတွင်း အမြင့်မားဆုံး အဆင့်သို့ ရောက်ရှိနေပြီး ပြီးခဲ့တဲ့နှစ်အတွင်း ၁၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။ တိုက်ပွဲတွေနဲ့ စီးပွားရေး ခက်ခဲမှုကြောင့် တောင်သူတွေကို တရားမဝင် ဘိန်းရောင်းဝယ်မှုတွေဆီ ထပ်ပြီး တွန်းပို့နေတယ်လို့ ကုလသမဂ္ဂက…

မြန်မာအပါအဝင် ၁၉ နိုင်ငံက ရွှေ့ပြောင်းနေထိုင်ဖို့ လျှောက်ထားမှု အားလုံး အမေရိကန် ရပ်ဆိုင်း

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ ထရန့်အစိုးရက အမျိုးသားလုံခြုံရေး၊ အများပြည်သူ ဘေးကင်းရေးနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကို အကြောင်းပြပြီး ဥရောပ မဟုတ်တဲ့ နိုင်ငံ ၁၉ နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေ လျှောက်ထားလာတဲ့ အစိမ်းရောင်ကတ် ထုတ်ပေးမှုနဲ့ အမေရိကန်နိုင်ငံသား လျှောက်ထားမှုတို့ အပါအဝင် ရွှေ့ပြောင်းနေထိုင်ဖို့ လျှောက်ထားမှု အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ဒီဇင်ဘာ ၂ ရက်က ပြောကြားပါတယ်။ အဲဒီ…

သူပိုင်ငါပိုင်ပြောနေတဲ့ ကျွန်းစုအနီး ဂျပန်နဲ့ တရုတ် သင်္ဘောတွေ ထိပ်တိုက်တွေ့

ဘေဂျင်း၊ တိုကျို၊ ဒီဇင်ဘာ ၃ အရှေ့တရုတ်ပင်လယ်ရှိ ပထဝီနိုင်ငံရေးအရ အတိမ်းအစောင်း မခံနိုင်တဲ့ ကျွန်းစုအနီး ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တွေ့မှုနဲ့ ပတ်သက်လို့ ဂျပန်နဲ့ တရုတ် ကမ်းခြေစောင့်တပ်တို့ရဲ့ ပြောဆိုမှုတွေ ကွဲလွဲနေပါတယ်။ တိုကျိုက ဆန်ကာကူ ကျွန်းစုလို့ ခေါ်တဲ့ တီယာအိုယုကျွန်း ရေပြင်သို့ ဂျပန် ငါးဖမ်းလှေ တစ်စီး တရားမဝင် ဝင်ရောက်ခဲ့တယ်လို့ တရုတ် ကမ်းခြေစောင့်တပ်က…

ဥရောပက စစ်ပွဲလိုလားရင် တစ်ယောက်မှ မကျန်အောင် ချေမှုန်းပစ်မယ်လို့ ပူတင် သတိပေး

မော်စကို၊ ဒီဇင်ဘာ ၃ ဥရောပ အင်အားကြီးတွေအနေနဲ့ ရုရှားနဲ့ စစ်ပွဲ စတင်ခဲ့မယ်ဆိုရင် မော်စကိုက တိုက်ခိုက်ဖို့ အသင့်ရှိပြီး ငြိမ်းချမ်းရေး သဘောတူညီမှု ညှိနှိုင်းဖို့အတွက်တောင် တစ်ယောက်မှမကျန်အောင် လုံးဝချေမှုန်းပစ်ဖို့ မိမိတို့ သင့်ရှိတယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၂ ရက်မှာ သတိပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူသေဆုံးမှု အများဆုံး စစ်ပွဲ…