နိုင်ငံတကာ

အီရန်ကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ဖို့ စဉ်းစားသွားမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဇွန် ၂၈ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီကို ဇွန် ၂၇ ရက်က ပြင်းပြင်းထန်ထန် ဝေဖန်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့တွေ ရုတ်သိမ်းပေးမယ့် အစီအစဉ်ကို ပယ်ဖျက်ထားကြောင်း တီဟီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုတွေ စိုးရိမ်စရာ အတိုင်းအတာအထိ ရောက်ရှိလာရင် ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ဖို့ စဉ်းစားသွားမယ်လို့ ပြောလိုက်ပါတယ်။ အီရန်…

အီရန် ခေါင်းဆောင် သုတ်သင်မခံရအောင် မြေအောက်မှာ တိမ်းရှောင်ခဲ့တယ်လို့ အစ္စရေး ပြော

တဲလ်အဗစ်၊ ဇွန် ၂၈ နှစ်နိုင်ငံကြား ၁၂ ရက် စစ်ပွဲအတွင်း အစ္စရေးက အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို သုတ်သင်ရှင်းလင်းပစ်ဖို့ ဖြစ်နိုင်ခြေရှိခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က ဇွန် ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ “ခါမေနီသာ ကျွန်တော်တို့ မြင်ကွင်းထဲမှာ ရှိခဲ့ရင် သူ့ကို ကျွန်တော်တို့…

အစ္စရေး ထောက်လှမ်းရေးနဲ့ဆက်စပ်တယ်လို့ သံသယရှိသူတွေကို အီရန် ဖမ်းဆီး ကွပ်မျက်

တီဟီရန်၊ ဇွန် ၂၇ မကြာသေးခင်က နှစ်နိုင်ငံကြား စစ်ဖြစ်ခဲ့ပြီးနောက် အီရန်အရာရှိတွေက အစ္စရေး ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိသူ အများအပြားကို ဖမ်းဆီးပြီး ကွပ်မျက်မှုတွေ ပြုလုပ်နေပါတယ်။ အီရန် လုံခြုံရေးဌာနတွေထဲကို အစ္စရေး မကြုံစဖူး ထိုးဖောက်ဝင်ရောက်နေတယ်လို့ အီရန် အရာရှိတွေက ပြောကြားပြီးနောက် အခုလိုမျိုး လူအများကို ဖမ်းဆီးပြီး ကွပ်မျက်နေတာ ဖြစ်ပါတယ်။ စစ်ပွဲအတွင်း အီရန်…

အမေရိကန်အပါအဝင် နေတိုးအဖွဲ့ဝင် နိုင်ငံအားလုံးက ယူကရိန်း ဆက်လက် တိုက်ပွဲဝင်နိုင်ရေး ကတိပြုထား

ဘရပ်ဆဲလ်၊ ဇွန် ၂၇ ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားကို ယူကရိန်းက ဆက်လက် တိုက်ခိုက်နိုင်ရေး အမေရိကန်အပါအဝင် နေတိုးအဖွဲ့ တစ်ဖွဲ့လုံးက လုံးဝ ကတိပြုထားကြောင်း မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် မက်ရူတီက ဇွန် ၂၅ ရက် ရိုက်တာ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောပါတယ်။ သည်ဟေ့ဂ်မြို့မှာ ကျင်းပခဲ့တဲ့ နေတိုးခေါင်းဆောင်များ ညီလာခံအပြီး ပြောကြားရာမှာ အတွင်းရေးမှူးချုပ်…

မိမိအပေါ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သစ္စာဖောက်မှုကို ဖွင့်ချမယ်လို့ ဟွန်ဆန် ခြိမ်းခြောက်

ဖနွမ်းပင်၊ ဇွန် ၂၇ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ မိမိကို သစ္စာဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး သူ့ရဲ့ ထိုင်း နန်းတော်အပေါ် သစ္စာဖောက်မှုအပါအဝင် သူ့ရဲ့ သစ္စာဖောက်တဲ့ လုပ်ရပ်တွေကို ဖွင့်ချမယ်လို့ သတိပေးလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ တချိန်က သူ့ရဲ့ ခေါင်းကိုင်မိဘတွေရဲ့သားနဲ့ သူ့ရဲ့ ညီအစ်ကို တော်သူလို့ ညွှန်ဆိုခဲ့ဖူးတဲ့ သက်ဆင်ကိုပြောင်ပြောင်တင်းတင်း…

နျူကလီးယား လက်နက် တပ်ဆင်နိုင်တဲ့ တိုက်လေယာဉ်တွေ ဗြိတိန် ဝယ်ယူမယ်

သည်ဟေ့ဂ်၊ ဇွန် ၂၆ ဗြိတိန်က သူတို့ရဲ့ နျူကလီးယား တားဆီးနိုင်စွမ်းကို မျိုးဆက်တစ်ခုအတွင်း အကြီးမားဆုံး တိုးချဲ့မှုအဖြစ် ဗျူဟာကျတဲ့ နျူကလီးယား လက်နက်တွေ ပစ်ခတ်နိုင်တဲ့ F-35A တိုက်လေယာဉ် တစ်ဒါဇင် ဝယ်ယူသွားမယ်လို့ ပြောပါတယ်။ Lockheed Martin ကုမ္ပဏီဆီက အဲဒီတိုက်လေယာဉ်တွေကို ဝယ်ယူပြီးရင် ဗြိတိန်လေတပ်အနေနဲ့ စစ်အေးစစ်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ နျူကလီးယား လက်နက်တွေ…

ICC ဖမ်းဝရမ်းကြောင့် ဘရာဇီးမှာ ကျင်းပမယ့် BRICS ညီလာခံ ပူတင် မတက်ဘူးလို့ ကရင်မလင်နန်းတော် ပြော

မော်စကို၊ ဇွန် ၂၆ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က ဖမ်းဝရမ်း ထုတ်ထားတာကြောင့် သူ့အနေနဲ့ လာမယ့် သီတင်းပတ် ဘရာဇီးမှာ ကျင်းပမယ့် BRICS ညီလာခံသို့ တက်ရောက်မှာ မဟုတ်ကြောင်း ကရင်မလင် နန်းတော် နိုင်ငံခြားမူဝါဒ အရာရှိ ယူရီ ချာကော့ဗ်က ပြောလိုက်ပါတယ်။ ယူကရိန်းကို ရုရှားက…

အမေရိကန် တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ နျူကလီးယား စီမံကိန်း လပိုင်းလောက်ပဲ ဆုတ်ယုတ်သွားဖွယ် ရှိ

ဝါရှင်တန်၊ ဇွန် ၂၅ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို အမေရိကန် တိုက်ခိုက်မှုက တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းကို လပိုင်းလောက်ပဲ ဆုတ်ယုတ်သွားစေလိမ့်မယ်လို့ အမေရိကန် ထောက်လှမ်းရေးရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုက ဖော်ပြထားကြောင်း အဲဒီ ကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် သုံးခုက ရိုက်တာ သတင်းဌာနသို့ ပြောကြားထားပါတယ်။ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ ၁၈…

ဘွမ်ဂျိုင်ထိုင်းပါတီက ထိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်မယ်

ဘန်ကောက်၊ ဇွန် ၂၅ ထိုင်းနိုင်ငံရဲ့ အာဏာရ ညွှန့်ပေါင်းအဖွဲ့ကနေ ပြီးခဲ့တဲ့ သီတင်းပတ်က နုတ်ထွက်သွားတဲ့ ဒုတိယအကြီးမားဆုံး ဘွမ်ဂျိုင်ထိုင်းပါတီက ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ကို အယုံ အကြည်မရှိကြောင်း လွှတ်တော်မှာ အဆို တင်သွင်းသွားမယ်လို့ ဇွန် ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကမ္ဘောဒီးယားနဲ့ ပြင်းထန်လာနေတဲ့ နယ်စပ်ပြဿနာကို ထိုင်းအစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး…

အီရန် – အစ္စရေး အပစ်ရပ်မှု နှစ်နိုင်ငံ အတည်ပြု

ဝါရှင်တန်၊ ဇွန် ၂၄ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ မေတ္တာရပ်ခံအဆိုပြုချက်ကြောင့် ၁၂ ရက်ကြာ နှစ်ဖက်စစ်ပွဲအတွက် အပစ်ရပ်ရေး သဘောတူညီလိုက်ပြီလို့ အီရန်နဲ့အစ္စရေးနိုင်ငံတွေက တရားဝင်အတည်ပြု ကြေညာပါတယ်။ နှစ်နိုင်ငံကြား လုံးဝ အပစ်ရပ်ပြီ ဖြစ်ကြောင်း ထရန့်က Truth Social ပေါ်မှာ ရေးသား ဖော်ပြခဲ့ပြီးနောက် အီရန်နိုင်ငံပိုင် TV IRINN ကလည်း အပစ်ရပ်ကြောင်း…