TLT Live Tv||- ၂၀၂၃ ခုနှစ် မေလ (၅) ရက် သောကြာနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/PfcmRc8R7T4
https://youtu.be/PfcmRc8R7T4
မေလ ၃ ရက်ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း သတင်းသမား ၁၅၀ နီးပါး ဖမ်းဆီးထောင်ချခံထားရပြီး အဲဒီထဲက ၄ ဦးဟာ သတ်ဖြတ်ခံခဲ့ရပါတယ်။ တဖက်မှာတော့ စစ်ကောင်စီဟာ သတင်းဌာန ၁၃ ခုကို လိုင်စင်ပိတ်သိမ်းထား သလို သတင်းလွတ်လပ်ခွင့်ကို အဆိုးဝါးဆုံး ဖိနှိပ်ထားတာပါ။ ဒါကြောင့်…
ဘုတ်ပြင်း ၊ မေ(၅) တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီ စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့(စရဖရုံး) ဝင်ရောက်တိုက်ခိုက်မှုမှာ ကင်းစောင့်နေတဲ့ ပြည်သူ့စစ်တစ်ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ စရဖရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းနဲ့ Flying star ဘုတ်ပြင်းပကဖအဖွဲ့က မေ ၂…
မော်လမြိုင်၊ မေ(၅) AAPP ရဲ့ မေ(၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၂၃)ရက်အတွင်း ပြည်သူ (၃၄၆၃)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၈၇၉ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၀၈၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…
မော်လမြိုင် ၊ မေ (၅) အာဏာသိမ်းစစ်ကောင်စီက ကုန်သွယ်မှုလိုငွေမဖြစ်ပေါ်စေဖို့အတွက်ဆိုပြီး ပြည်ပသွင်းကုန်တွေကို တတ်နိုင်သမျှမသွင်းဖို့နဲ့ တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကို စစ်ဆေးမှုတင်းကျပ်ဖို့ ညွှန်ကြားမှုဟာ နည်းစနစ်အမှားသာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်ဆောင်ရဲ့ ညွှန်ကြားမှုကြောင့် ကုန်သွယ်မှုလိုငွေ မဖြစ်စေရေးအတွက် ပြည် တွင်းထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှ ပြည်ပကနေ မတင်သွင်းဖို့နဲ့ အမှန်တကယ် ပြည် တွင်းမှာ မထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းတွေကိုသာ…
ရန်ကုန် ၊ မေ (၅) မဲမသမာမှုအကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံ့အာဏာကို တစ်ကျော့ပြန်သိမ်းယူတဲ့ နှစ်နှစ်ကျော်ကာလအတွင်း ဒီမိုကရေစီလိုလားသူနဲ့ စစ်တပ်လိုလားသူ အုပ်စုနှစ်ခုက အရပ်သားရှစ်ထောင်ကျော်အထိ သတ်ဖြတ်ခံထားရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၃၄၅၀ ကျော် သတ်ဖြတ်ခံခဲ့ရတာပါ။ အဲဒီသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး…
ပုလော၊ မေ(၅) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၃ ရက်နေ့ မနက် ၈ နာရီလောက်မှာ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်း အင်အား ၃၀ နီးပါး တပ်စွဲထားတဲ့တပ်ခစန်းကို…
မော်လမြိုင်၊ မေ(၅) ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုညီလာခံကို မေ ၄ ရက်နေ့မှာ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံထားရတဲ့ ပဒိုစောဆဲဂေကို ကာကွယ်ရေးဌာန ဝန်ကြီးအဖြစ်ပါပူးတွဲ တာဝန်ယူဖို့ ထပ်မံရွေးချယ်ခံရတယ်လို့ KNU သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ KNU ဗဟိုညီလာခံ ရွေးကောက်ပွဲမှာ KNU ဥက္ကဌ ရာထူးအပါအဝင် ဒုတိယဥက္ကဌ၊ အထွေထွေအ တွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁)၊ တွဲဖက်အတွင်းရေးမှူး(၂)နဲ့…
ကွာလာလမ်ပူ၊ မေ(၄) ကိုဗစ် 19 ရောဂါဖြစ်စဉ်တွေ မြင့်တက်လာမှုအခြေအနေဟာ မလေးရှားနိုင်ငံရှိ လူဦးရေထူထပ်တဲ့ ဆေးရုံတွေကို ခြိမ်းခြောက်နေပြီး ဖိလစ်ပိုင်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကုသရေး အဆောင်တွေကို ပြန်လည်ဖွင့် လှစ်နေပြီ ဖြစ်တာကြောင့် အရှေ့တောင်အာရှမှာ ကူးစက်မှုမြင့်တက်လာနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဧပြီလ ၂၉ ရက်နေ့အထိ မလေးရှားနိုင်ငံအတွင်းရှိ အစိုးရဆေးရုံတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ လူပြည့်လူလျှံ ဖြစ်နေ လျှက်ရှိပြီး ဆေးကုသရေးအပေါ်…
သည်ဟိတ် – မေ(၅) ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းကျူးကျော်စစ်အတွက် တရားမျှတမှုနဲ့ ရင်ဆိုင်ရ မယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC) အခြေစိုက်တဲ့ The Hague ကိုရောက်ရှိချိန်မှာသတိပေးခဲ့ပါတယ်။ ယူကရိန်းကလေးငယ်တွေကို ပြည်နှင်ဒဏ်ပေးခဲ့တာနဲ့ပတ်သက်ပြီး ICC တရားရုံးက ပူတင်ကို ဖမ်းဝရမ်းထုတ်ထားပြီး ဥရောပကော်မရှင်ကလည်း ရုရှားက ယူကရိန်းမှာ ရန်စမှုကျူးလွန်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဗဟိုဌာနကို…