ဘုတ်ပြင်း ၊ မေ(၅)

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီ စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့(စရဖရုံး) ဝင်ရောက်တိုက်ခိုက်မှုမှာ ကင်းစောင့်နေတဲ့ ပြည်သူ့စစ်တစ်ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ စရဖရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းနဲ့ Flying star ဘုတ်ပြင်းပကဖအဖွဲ့က မေ ၂ ရက်နေ့ မနက် ၆ နာရီအချိန်လောက်မှာ ဝင်ရောက်တိုက် ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ကင်းစောင့်နေတဲ့ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်အဖွဲ့နဲ့ နှစ်ဖက်အပြန်အ လှန် ပစ်ခတ်မှုအချိန် မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။

တိုက်ခိုက်မှုပြီးနောက် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ပြည်သူစစ်ခေါင်းဆောင် ဦးဌေးဝင်းကို နေအိမ်အတွင်း ဝင်ရောက် စီးနင်းစဉ် ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် သေနတ်တစ်လက်နဲ့ ကျည်ဆံတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စရဖရုံးတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိခဲ့ပေမယ့် ပူးပေါင်းအဖွဲ့က ထိခိုက်တာမရှိခဲ့ဘူးလို့ ဘုတ်ပြင်းမြို့နယ် (ပကဖ) ထံက သိရပါတယ်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီ စရဖရုံးဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဘုတ်ပြင်း ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.