အရှေ့တောင်အာရှမှာ ကိုဗစ်ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာ

0
4281

ကွာလာလမ်ပူ၊ မေ(၄)

ကိုဗစ် 19 ရောဂါဖြစ်စဉ်တွေ မြင့်တက်လာမှုအခြေအနေဟာ မလေးရှားနိုင်ငံရှိ လူဦးရေထူထပ်တဲ့ ဆေးရုံတွေကို ခြိမ်းခြောက်နေပြီး ဖိလစ်ပိုင်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကုသရေး အဆောင်တွေကို ပြန်လည်ဖွင့် လှစ်နေပြီ ဖြစ်တာကြောင့် အရှေ့တောင်အာရှမှာ ကူးစက်မှုမြင့်တက်လာနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၉ ရက်နေ့အထိ မလေးရှားနိုင်ငံအတွင်းရှိ အစိုးရဆေးရုံတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ လူပြည့်လူလျှံ ဖြစ်နေ လျှက်ရှိပြီး ဆေးကုသရေးအပေါ် ဖိအားတွေဖြစ်ပေါ်နေပါတယ်။ အဲဒီအခြေအနေကို တားဆီးဖို့ မိမိတို့ စိတ် ဆန္ဒအလျောက် စမ်းသပ်သူဘယ်သူမဆိုအားခုနှစ်ရက်ကြာ သီးသန့်နေထိုင်ခြင်းကို လိုက်နာပေးဖို့ အာဏာ ပိုင်တွေက တောင်းဆိုခဲ့တာပါ။

လတ်တလောပိတ်ရက်ရှည်ပြီးတဲ့နောက်မှာ လူစုလူဝေးတွေက ရောဂါကူးစက်မှုကို ခုန်တက်စေခဲ့ပြီး  ဧပြီလ ၂၉ ရက်နေ့အထိ နှစ်ပတ်တာအတွင်း သေဆုံးသူ ၂၀ အထိရှိလာခဲ့ပါတယ်။ ဒါဟာ၁၄ ရက်အတွင်း သေဆုံးမှု အနေနဲ့ ၂၅ ရာခိုင်နှုန်းအထိရှိနေတာ ဖြစ်ပါတယ်။

အိမ်နီးချင်း ဖိလစ်ပိုင်နိုင်ငံမှာလည်း ဧပြီလ အစမှ အခုလကုန်ပိုင်းအထိ စမ်းသပ်စစ်ဆေးရာမှ ရောဂါ ရှိတယ် ဆိုတဲ့ အဖြေဟာ ၇ ရာခိုင်နှုန်းရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာလည်း ရောဂါကူးစက်မှုပြန်လည်မြင့်တက်လာပြီး အဓိကကျတဲ့ မြို့တွေမှာ ကပ်ဘေးကာလ အကြို ကန့်သတ်ချက်တွေကို ပြန်လည်သတ်မှတ်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် မြို့တော်ဟနွိုင်းရှိ အများပြည်သူနေရာတွေနဲ့  မိမိတို့အလုပ်/နေအိမ်အတွင်းမှာလည်း နှာခေါင်းစည်း ပြန်လည်တပ်ဆင်ဖို့ အမိန့်ထုတ်ညွှန်ကြားထားပြီးဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာတော့ အသက်ကြီးရွယ်အိုတွေမှာ ရောဂါကူးစက်မှုမြင့်တက်လာခဲ့ပြီး  လွန်ခဲ့တဲ့ လကုန်ပိုင်း မှာ ဆေးရုံတက်ရောက်ကုသဖို့  ၇ နာရီထိ စောင့်ဆိုင်းခဲ့ရတာပါ။ လွန်ခဲ့သော ၂ ပတ်အတွင်းမှာတော့ ၅ နာရီအထိ စောင့်ဆိုင်ခဲ့ရတယ်လို့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ကိုဗစ် 19 ရောဂါနဲ့ သက်ဆိုင်တဲ့ ဆေးရုံတက်ရောက်ကုသမြင့်တက်ခြင်းထဲမှာ မြို့ပြများအတွင်း ရောဂါမျိုးစိတ်ကို ပိုမိုကြီးထွား စေတာလည်း ဖြစ်ပါတယ်။
Ref,Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.