ပလမြို့တိုက်ပွဲကြောင့် မြို့ပေးမီးစက်ပျက်စီးပြီး တစ်မြို့လုံးမီးပျက်နေ
ပုလော၊ မေ(၆) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့တွင်းမှာ မေ ၄ ရက်နေ့မနက်ပိုင်းက မြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် မြို့ပေးမီးစက်လက်နက်ကြီးထိမှန် ပျက်စီးသွားတာကြောင့် တစ်မြို့လုံးမီးပျက်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အဲဒီနေ့မနက် ၁၁ နာရီလောက်က ပလမြို့ရဲစခန်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က…
