ကျိုက်ထို – မေ(၅)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာ ဂျန်းတောကွေ့မှာ ဒီနေ့ မေ ၅ ရက်နေ့ မနက်ပိုင်းက ဘုရားဖူးကား အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၈ နာရီကျော်အချိန်က ရန်ကုန်တိုင်းဒေသကြီး သံလျင်ဘက်နေ ဘုန်းကြီး၊ ကိုရင်၊ အမျိုးသမီး၊ အမျိုးသား ၃၀ ကျော်လိုက်ပါလာတဲ့ ကန်တာယာဉ်ဟာ ရန်ကုန်-မော်လမြိုင်ကားလမ်း ဂျန်းတောကွေ့အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာပါ။

ဘုရားဖူးကား တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦး သေဆုံးသွားပြီး ရဟန်း၊ ကိုရင်နဲ့ကားပေါ်ပါ ကလေးငယ်တွေနဲ့အမျိုးသား၊ အမျိုးသမီး ၃၀ နီပါး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရသူတွေကို ဒေသလူမှုကူညီရေးအသင်းတွေ၊ နီးစပ်ရာဒေသခံတွေက ကားတွေနဲ့တင်ဆောင်ပြီး သိမ်ဇရပ်ဆေးရုံသို့ ပို့ဆောင်ပေးထားတာ ဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ တိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးယာဉ်ဟာ ရေးမြို့နယ်သို့ ဘုရာဖူးသွားမယ့် ခရီးသွားတွေ ဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ရန်ကုန်-မော်လမြိုင်နဲ့ မော်လမြိုင်-ရေးကားလမ်းတွေမှာ ခရီးသွားကားတွေနဲ့ ကုန်တင်ယာဉ်တွေ မကြာခဏဆိုသလို တိမ်းမှောက်တာတွေ ရှိနေပြီး ခရီးသွားပြည်သူ သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.