ရောမ – မေ(၆) 

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း မတ်လမှာ ကုလသမဂ္ဂစားနပ်ရိက္ခာ အေဂျင်စီ ရဲ့ ကမ္ဘာ့စျေးနှုန်းဆိုင်ရာညွှန်းကိန်းဟာ (၂၀) ရာခိုင်နှုန်းအထိစံချိန်တင်မြင့်တက်နေဆဲဖြစ်နေပြီး ဧပြီလမှာ ပထမဆုံးအကြိမ် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှုအများဆုံး စားသောက်ကုန်တွေကို ခြေရာခံတဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့(FA) ရဲ့ စျေးနှုန်းညွှန်းကိန်းဟာ ပြီးခဲ့တဲ့လက ပျမ်းမျှ ၁၂၇.၂ မှတ်ရှိပြီး မတ်လအတွက် ၁၂၆.၅ မှတ်ရှိတယ်လို့ အေဂျင်စီက ပြောပါတယ်။ 

ရောမမြို့မှာ အခြေစိုက်တဲ့ အေဂျင်စီက ဧပြီလ မြင့်တက်မှုဟာ သကြား၊အသားနဲ့ ဆန်တွေ အတွက် စျေးနှုန်းမြင့်မားမှုကို ထင်ဟပ်စေကာ ကောက်ပဲသီးနှံ၊နို့ထွက်ပစ္စည်းနဲ့ ဟင်းသီး ဟင်းရွက်ဆီ စျေးနှုန်းညွှန်းကိန်းတွေမှာ ကျဆင်းမှုကို ပိုသာစေတယ်လို့ သိရပါတယ်။ 

“သိသာထင်ရှားတဲ့ နှေးကွေးမှုတွေကနေ စီးပွားရေးတွေ ပြန်ကောင်းလာတာနဲ့အမျှ ဝယ်လိုအား က တိုးလာပြီး အစားအသောက် ဈေးနှုန်းတွေအပေါ် ဖိအားတွေ တိုးလာမယ်” လို့ FAO မှ စီးပွားရေးပညာရှင် မက်စီမိုတိုရီရိုက ပြောပါတယ်။

သကြားစျေးနှုန်းအညွှန်းကိန်းဟာ မတ်လမှာ ၁၇.၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလနောက်ပိုင်းမှာ သူ့ရဲ့ အမြင့်ဆုံးအဆင့်ကို မြင့်တက်သွားတာဖြစ်တယ်လို့ FAO က ပြောပါသေးတယ်။ 

အဲဒီလို မြင့်တက်လာမှုဟာ ထိုင်းနဲ့ ဥရောပသမဂ္ဂတို့မှာ အရင်မျှော်မှန်းထားတာထက် နိမ့်ကျတဲ့ ထုတ်ကုန်တွေနဲ့အတူ အိန္ဒိယနဲ့ တရုတ်နိုင်ငံအတွက် ထုတ်လုပ်မှုခန့်မှန်းချက်တွေကို ပြန်လည် ပြင်ဆင်ပြီးနောက် ပိုမိုတင်းကျပ်တဲ့ ထောက်ပံ့မှုတွေ မြင့်တက်လာမှုနဲ့ ပတ်သက်တယ်လို့ FAO ဆိုပါတယ်။ 

လစဉ်အသားစျေးနှုန်းညွှန်းကိန်းဟာ ၁.၃ရာခိုင်နှုန်းမြင့်တက်နေချိန်မှာ နို့ထွက်ပစ္စည်းစျေးတွေ ဟာ ၁.၇ ရာခိုင်နှုန်းကျဆင်းသွားပြီး ဟင်းသီးဟင်းရွက်ဆီးစျေး ၁.၃ ရာခိုင်နှုန်း ကျဆင်းသွား ကာ ကောက်ပဲသီးနှံစျေးအညွှန်းကိန်းဟာ ၁.၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကာ အဓိက သီးနှံ အားလုံးရဲ့ ကမ္ဘာ့စျေးကျဆင်းမှုနဲ့အတူ ကမ္ဘာ့ဆန်စျေးတွေ မြင့်တက်လာတာဖြစ်ပါတယ်။ 

“ဆန်ဈေးတွေ မြင့်တက်မှုဟာ အလွန်စိုးရိမ်စရာကောင်းပြီး ပင်လယ်နက်က ဂျုံနဲ့ ပြောင်းတွေမှာ နှံ့နှံ့စပ်စပ် ဖြစ်တာကို ရှောင်ရှားဖို့ ပင်လယ်နက်စီမံကိန်းကို သက်တမ်းတိုးဖို့ အရေးကြီးပါတယ်” လို့တိုရီရို က ပင်လယ်နက်ကတစ်ဆင့် ယူကရိန်းစပါး တင်ပို့ခွင့်ပြုတဲ့ သဘောတူညီချက်ကို ကိုးကားပြီး ပြောခဲ့ပါတယ်။

စီရီရယ်ထောက်ပံ့ရေးနဲ့ ဝယ်လိုအားဆိုင်ရာ သီးခြားအစီရင်ခံစာမှာ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့ဂျုံ ထုတ်လုပ်မှုဟာ တန်ချိန် (၇၈၅) သန်းရှိမှာဖြစ်သလို ၂၀၂၂ ခုနှစ် အဆင့်အောက် အနည်းငယ် သာရှိပေမယ့် စံချိန်တင် ဒုတိယအများဆုံးထွက်ရှိခဲ့တာဖြစ်တယ်လို့ FAO ကဆိုပါတယ်။ 

FAO ဟာ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့သီးနှံထုတ်လုပ်မှုအတွက် ခန့်မှန်းချက်ကို အရင်နှစ် ၂.၇၇၇ ဘီလျံ ကနေ တန်ချိန် ၂.၇၈၅ ဘီလျံ မြှင့်တင်ခဲ့ပြီး အရင်နှစ်ထက် (၁) ရာခိုင်နှုန်း ကျဆင်းခဲ့ တယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.