ဘေဂျင်း၊ မေ(၆)
ဘေဂျင်းက အနောက်နိုင်ငံတွေအပါအဝင် အထူးသဖြင့် ဝါရှင်တန်နဲ့ဆက်ဆံရေး တင်းမာနေတာကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ေ ရးအဖွဲ့ (SCO) ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းတို့ အိန္ဒိယမှာ တွေ့ဆုံခဲ့ကြ ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ရဲ့အကြီးဆုံးအိမ်နီးချင်းနှစ်နိုင်ငံနဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ သူ့ရဲ့ရုရှားနဲ့ အိန္ဒိယ မဟာမိတ်တွေကို ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။
ဝါရှင်တန်နဲ့ ဆက်ဆံရေးတင်းမာနေတာကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးကို ထိန်း သိမ်းထားဖို့ ဘေဂျင်းက ကြိုးပမ်းနေတဲ့အတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ တခြားနိုင်ငံခြား ရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယမှာ ကြာသပတေးနေ့က တွေ့ဆုံခဲ့တာပါ။
ဘေဂျင်းဟာ ရုရှားရဲ့စစ်ရေးလှုပ်ရှားမှုကို ကျူးကျော်မှုအဖြစ် ရှုတ်ချဖို့ ငြင်းဆန်ခဲ့ပေမယ့်လည်း ယူကရိန်းစစ် ပွဲကို ဖြေရှင်းဖို့ တရုတ်ကို အမေရိကန်က ကာလရှည်ကြာတိုက်တွန်းနေခဲ့တာလည်းဖြစ်ပါတယ်။ ရုရှားတပ်တွေ ယူကရိန်းကိုစေလွှတ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တိုက်ရိုက် စကားပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ယူကရိန်းရှိ အကျပ်အတည်းကို နိုင်ငံရေးအရ ပြေလည်မှုရရှိဖို့ ထင်ရှားသော ပံ့ပိုးကူညီ မှုတွေ ပြုလုပ်ဖို့ ဆက်သွယ်ရေးနှင့်ပေါင်းစပ်ညှိနှိုင်းမှုတွေကို ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာဗရော့နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တာလည်း ဖြစ်ပါတယ်။
အခြား SCO အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်သွယ်မှု အားကောင်းဖို့နဲ့ အဖွဲ့ရဲ့စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် နှစ်ဘက်စလုံးက သဘောတူညီခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါ တယ်။
သူတို့အနေနဲ့ အာရှ-ပစိဖိတ်ဒေသတွင်း ပေါင်းစပ်ညှိနှိုင်းမှုကို အားကောင်းစေဖို့ကိုလည်း သဘောတူညီခဲ့ ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အသေးစိတ်ကိုတော့ ပြောကြားခြင်းမရှိခဲ့ပါဘူး။
လက်ရှိမှာတော့ အဲဒီအဖွဲ့ထဲမှာ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်နဲ့ အာရှအလယ်ပိုင်းလေးနိုင်ငံဖြစ်တဲ့ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ ပါဝင်တာဖြစ်ပါတယ်။
အီရန်နဲ့ ဘီလာရုစ်တို့ကလည်း ဇူလိုင်လမှာ နယူးဒေလီ၌ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ SCO တွင် ထည့်သွင်းဖို့ မျှော်လင့်ထားကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
Ref,TRT World

