မလေးရှားမှာ သေဒဏ်ဖျက်သိမ်းဖို့ ဥပဒေကြမ်းတင်သွင်း
ကွာလာလမ်ပူ – မတ်(၂၉) မလေးရှားအစိုးရက မဖြစ်မနေ သေဒဏ်ပေးရမယ့် ဥပဒေဖျက်သိမ်းဖို့ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကို မတ်လ(၂၇) ရက်နေ့က တင်သွင်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ရုံး ဥပဒေနဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဌာန ဝန်ကြီး အယ်ဇယ်လီနာ အော့တ်မန်ဆက်က မဖြစ်မနေ သေဒဏ်ပေးမှု ဖျက်သိမ်းရေး ဥပဒေကြမ်း ၂၀၂၃ ကို ပထမ အကြိမ်ဖတ်ကြားတာအပြင် သေဒဏ်နဲ့ တသက်တကျွန်း ချမှတ်ခြင်းဆိုင်ရာ…
