အများပြည်သူ သိပိုင်ခွင့်အတွက် ဆက်လက်ဆောင်ရွက်သွားမည်
သံလွင်တိုင်းမ်၏ ရည်ရွယ်ချက်မှာ သတင်းလွတ်လပ်ခွင့်အတွက် အကာ အကွယ်ပြုရန်နှင့် အများပြည်သူသိပိုင်ခွင့်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်၊ မေလ (၇)ရက်နေ့ မော်လမြိုင်မြို့မှာ စတင်ခဲ့တဲ့ သံလွင်တိုင်းမ်သတင်းဌာနဟာ ယနေ့ ၂၀၂၂ ခုနှစ်၊ မေလ (၇)ရက်နေ့မှာ (၁၀)နှစ်တာ သက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ (၁၀)စုနှစ်တာ ကာလအတွင်း အဆင့်ဆင့်သော ဦးဆောင်မှုတွေကို လက်ဆင့်ကမ်းသယ်ဆောင်ရင်း သံလွင်တိုင်းမ်သတင်းဌာနရှင်သန်စေဖို့အတွက် ကြိုးပမ်းခဲ့ကြရပါသည်။ ပြည်နယ်အခြေစိုက်သတင်းဌာနတခုအနေဖြင့်…