Thanlwintimes

မွန်ပြည်နယ်မှာ ပဲဈေးနှုန်း ပြန်လည်ကျဆင်း

မော်လမြိုင်၊ မတ်(၂၈) မွန်ပြည်နယ် ပဲဈေးကွက်မှာ ပဲရောင်းလိုအား မြင့်တက်နေမှုနဲ့အတူ ပြည်ပတင်ပို့ဖို့ အခက်အခဲတချို့ ရှိနေတာကြောင့် ပဲဈေးနှုန်း အနည်းငယ်ပြန်လည် ကျဆင်းလာတယ်လို့ ပဲလုပ်ငန်းရှင်တွေ သံလွင်တိုင်းမ်ကို ပြောပါ တယ်။ ပဲဈေးနှုန်းဟာ ပြီးခဲ့တဲ့ မတ်လ ပထမပတ်အတွင်း ပဲတီစိမ်း (ရွှေဝါ) (၂၀)ပိဿာ တစ်တင်းကို ကျပ် (၇၁၀၀၀) ဝန်းကျင်ရှိရာကနေ လက်ရှိမှာကျပ်(၆၆၀၀၀)၊ ပဲတီစိမ်းကလည်း ကျပ်(၄၉၀၀၀)မှ…

NUG ၊ PDF ပံ့ပိုးနေတဲ့ EAOတွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ မတ်(၂၈) အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မတ် ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က သူရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်က တိုက်ခိုက်မှုတွေဟာ…

မရမ်းချောင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ ၂ ဦးအပါအဝင် ၃ ဦးထက်မနည်းဒဏ်ရာရ

ကျိုက်ထို၊ မတ်(၂၈) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ စစ်ကောင်စီ ပူးပေါင်းစစ်ဆေးရေးဂိတ်ဟာ မတ် ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် ၃ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းကနေ သိရပါတယ်။ အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ မရမ်းချောင်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင် အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံး…

ကရင်ပြည်နယ်တိုက်ပွဲမှာ အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့

ကော့ကရိတ်၊ မတ်(၂၈) ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ် သားပြည်သူ(၅)ဦး ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိနေတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်နေ့ကစပြီး (၂၆)ရက်နေ့အထိ မြဝတီမြို့သာမက ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေထဲမှာ စစ်ကောင်စီတပ်နဲ့…

အမှုသည်တွေရဲ့ စိတ်ဖိစီးမှုလျော့ပါးစေဖို့ ထိုင်းရဲစခန်းတစ်ခုမှာ အခမဲ့အနှိပ်ဝန် ဆောင်မှုပေးနေ

ဘန်ကောက်၊ မတ်(၂၈) ထိုင်းနိုင်ငံရဲစခန်းတစ်ခုမှာ အမှုဖွင့်တိုင်ကြားဖို့အတွက် လာရောက်တဲ့ ဧည့်သည်တွေကို စိတ်ဖိအား လျော့ပါး သက်သာစေဖို့ ရဲအရာရှိတစ်ဦးမှ အခမဲ့ နှိပ်နယ်ပေးနေပုံကို ဒေသတွင်း မီဒီယာတစ်ခုမှာ ဖော်ပြထားပြီး အဲဒီ ရဲအရာရှိဟာ ထရန်ခရိုင်ဒေသန္တရ၊ မြို့တော်ရှိ နောင်ထရွတ် ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၅၈ နှစ်အရွယ် ထိုင်းရဲအရာရှိ ပက်ကရွန်ကစ်ဟာ ထိုင်းအနှိပ်ဆရာအဖြစ်…

ဘာလီမှာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲမှုကို အစ္စရေးကန့်ကွက်နေတာကြောင့် ရွှေ့ဆိုင်း

ဘာလီ – မတ်(၂၈) အင်ဒိုနီးရှားမှာ လာမယ့် သီသတင်းပတ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲမှာ ဘာလီအုပ်ချုပ်ရေးမှူးက အစ္စရေးအသင်းကို လက်ခံကျင်းပဖို့ ငြင်းဆိုပြီးနောက် ရွေ့ဆိုင်လိုက်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကိုပြောပါတယ်။ မတ်လ(၂၄) ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မဲခွဲပွဲကို ဖျက်သိမ်းလိုက်တယ်လို့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် (PPSI) ကဆိုခဲ့ပြီး…

စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေကို တားမြစ်ဖို့ ဂျပန်ဝန်ကြီးချုပ် တောင်းဆို

တိုကျို – မတ်(၂၈) ဂျပန်စစ်တပ်အတွင်းမှာ ပုံမှန်အလေ့အထလိုဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ကျူးလွန်မှု တွေကို အမျိုးသမီး စစ်သည်တစ်ဦးက အများပြည်သူသိအောင်ထုတ်ဖော်လိုက်ပြီးနောက် ဝန်ကြီးချုပ် ဖုမီအိုကီရှီဒါက နိုင်ငံရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေမှာ အခုလိုဖြစ်စဉ်တွေကို တားမြစ် ထားသင့်တယ်လို့ ပြောပါတယ်။ ဒီအကြမ်းဖျက်မှုတွေဟာ လူသားအခြေပြု အဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နိုင်တယ်လို့ မတ်လ(၂၆) ရက်နေ့က အမျိုးသား ကာကွယ်ရေး…

တမူးမြို့နယ်မှာ စစ်ကောင်စီက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

တမူး – မတ်(၂၇) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း တမူး – အောင်ဇေယျလမ်းပိုင်းမှာရှိတဲ့ ကွန်းတောင် ရွာသစ်ကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၂၃) ရက်နဲ့ (၂၄) ရက်နေ့တွေမှာတော့ လေကြောင်းတိုက်ခိုက်မှု တွေလာရောက် လုပ်ဆောင်ခဲ့ပြီးနောက် (၂၅) ရက်နေ့နဲ့ (၂၆) ရက်နေ့တွေမှာ ကွန်းတောင်ရွာသစ်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။…