ဆားလင်းကြီး အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေကို နိုင်ငံရေးအသိပညာပေး
ဆားလင်းကြီး – ဖေဖော်ဝါရီ(၇) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်း/တပ်ဖွဲ့ တချို့နဲ့ ပ.က.ဖ အဖွဲ့တွေကို မန္တလေးနဲ့ မုံရွာ တော်လှန်ရေးအင်အားစုတွေက နိုင်ငံရေးအသိပညာပေး ဟောပြောပို့ချခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖက်ဒရယ်ဆိုင်ရာအသိ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အကြောင်းအရာတွေနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်ပေးမှု၊ အဖွဲ့လိုက်စုပေါင်းလုပ်ဆောင်မှုတွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မုံရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(MPDF) ခေါင်းဆောင်တစ်ဦးကလည်း ပြည်တွင်းစစ် အကြောင်းနဲ့…
