Thanlwintimes

သရက်ချောင်းဒေသခံ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်ဆီးသတ်ဖြတ်သွား

သရက်ချောင်း၊ ဖေဖော်ဝါရီ(၈) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက ဒေသခံအမျိုးသား ၂ ဦးကို ဖေဖော်ဝါ ရီ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီပြီးနောက် လမ်းခုလတ်မှာပဲ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ မနက် ၉ နာရီကျော်အချိန်လောက်မှာ ရငဲကျေးရွာမင်းတပ်တံတားအနီးက စစ်ကောင်စီတပ် အင် အား ၂၀ နီးပါးဟာ…

စစ်အာဏာသိမ်း (၇၃၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၅၄ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၈) AAPP ရဲ့ ဖေဖော်ဝါရီ(၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၃၇)ရက်အတွင်း ပြည်သူ (၂၉၅၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၆၈၄ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၁၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

မော်လမြိုင်မှာ လျှပ်စစ်မီးတစ်ကြိမ်ကို အချိန်( ၂) နာရီသာရမှာဖြစ်လို့ ပိုမိုအခက်ကြုံလာရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၈) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လျှပ်စစ်မီးဖြန့်ဝေပေးမှုကို အလှည့်ကျစနစ်နဲ့ တစ်ကြိမ်လျှင် အချိန် ၂ နာရီသာ ပေးနိုင်တော့မယ်ဆိုတဲ့ စစ်ကောင်စီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းရဲ့ ထုတ်ပြန်ချက်ကြောင့် ပိုမိုအခက်ကြုံလာရနိုင်တယ်လို့ မြို့ခံတွေနဲ့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ မော်လမြိုင်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးရာမှာ မော်လမြိုင်မြို့ပေါ်နဲ့ ရပ်ကွက်ကျေးရွာတွေကို အုပ်စု (၃)စု…

တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးမှု ၃၆၀ ကျော်အထိရှိလာ

တနင်္သာရီ၊ ဖေဖော်ဝါရီ(၈) တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် ဇန်နဝါရီလကုန်အထိ အရပ်သားသေဆုံးမှု ၃၆၀ ကျော်အထိ ရှိလာပြီလို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အရပ်သားပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိမှန် သေဆုံးတာ၊ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပျူစေားထီအဖွဲ့က ဖမ်းဆီးသတ်ဖြတ်တာ၊ လုံခြုံရေးအကြောင်းပြချက်နဲ့…

“စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအပေါ် EROs တွေ ဘယ်လိုတုံ့ပြန်လိုက်ပါသလဲ”

ဟားခါး၊ ဖေဖော်ဝါရီ(၈) အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုက မြို့နယ် ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law) အဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ ကြေညာခံထားရတဲ့ ချင်းပြည်နယ်၊ကရင်နီ (ကယား) ပြည်နယ်၊ ကရင်…

စစ်ရေးတင်းမာနေတဲ့ သံတောင်မြို့ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ

သံတောင်၊ ဖေဖော်ဝါရီ(၈) နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတဲ့ ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး စစ်ရေးဝင်ရောက်လှုပ်ရှားနေလာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂)နယ်မြေ သံတောင်မြို့ ၁၃ မိုင်မှာ ပြီးခဲ့တဲ့ ဇန်န ဝါရီ(၂၇) ရက်နေ့မှာ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုအဖွဲ့တွေဘက်က စနိုက်ပါနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သံတောင်မြို့ပေါ်ကို စစ်ကောင်စီတပ်က…

ကော့ကရိတ်မြို့နယ်ထဲကို စစ်ကောင်စီတပ်လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်လာ

ကော့ကရိတ်၊ ဖေဖော်ဝါရီ(၈) ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် တောင်ဘက်ပိုင်းဒေသထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ (၆)ရက်နေ့ ညပိုင်းအချိန်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ(၆)ရက်နေ့ ည(၁၂)နာရီခွဲအချိန်မှာ တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့ တောင်ဘက်ခြမ်း မှာရှိတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး ဗုံးသီးတွေဟာ ရွာပြင်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့လို့ ရွာသားတွေထိခိုက်မှုမရှိကြောင်း ဒေသခံတွေက…

သုညကနေ စတင်ခဲ့ရတဲ့ NUG ဟာ စစ်အုပ်စုကို ကဏ္ဍပေါင်းစုံကနေ ဖိအားပေးနိုင်ပြီလို့ဆို

မော်လမြိုင် – ဖေဖော်ဝါရီ(၇) အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ သုညကနေ စတင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ကဏ္ဍပေါင်းစုံကနေ စစ်အုပ်စုကို ရင်ဆိုင်နိုင်ပြီ ဖြစ်သလို တခြားကဏ္ဍတွေမှာ ပိုမိုသာလွန်အောင် လုပ်ဆောင်နေပြီဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ(၇) ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၅) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “အခုလို အချိန်တိုအတွင်း…