တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဝေါလေ-ထီးကပလယ်ကားလမ်း အသုံးပြုခွင့် ပိတ်ပင်
ဝေါလေ၊ ဖေဖော်ဝါရီ(၉) နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ရေးဆက်လက် တင်းမာနေတာကြောင့် KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ ကရင်ပြည်နယ် ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်တယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) အမှတ် (၈)တပ်ရင်းမှ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ပိုင်း ဝေါ်လေဒေသအနီး ထီးကပလယ်ကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ (၃၁)ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ဦးဆောင်တဲ့…
