အပစ်ရပ် ၇ ဖွဲ့နဲ့ စစ်ကောင်စီ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်လာနိုင်ဖွယ်မရှိ
နေပြည်တော် ၊ မတ် (၃၁) NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးအခင်းအကျင်း ဖြစ်နိုင်စရာမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုလိုက်ပါတယ်။ အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့နဲ့ စစ်ကောင်စီ အမျိုးသားစည်းလုံးညီ ညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)တို့ မတ် ၂၈…
