အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အကြိမ် လေးထောင်နီးပါးရှိခဲ့
ထားဝယ်-ဩဂုတ်(၆) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီး(၁၇) လအတွင်း တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုအဖြစ် အကြိမ်(၃၉၆၇) ကြိမ်ရှိခဲ့တယ်လို့ Southern Monitor က သတင်းထုတ်ပြန် ထားပါတယ်။ အဲ့ဒီထဲမှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုဟာ (၃၄၇၄) ကြိမ်ရှိပြီး လက်နက်ကိုင်အကြမ်းဖက်ကဋိပက္ခ ဖြစ်စဉ် (၄၉၃) ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။ အကြမ်းမဖက်လူထုလှုပ်ရှားမှုအားအကောင်းကာလဟာ ၂၀၂၁ ခုနှစ်မတ်လကနေ ဇူလိုင်လ အထိ (၅) လတာ…