Thanlwintimes

မြဝတီ၊ ကော့ကရိတ်တိုက်ပွဲမှာ သေဆုံးမှုများတဲ့စစ်တပ် PDF တွေကျတာလို့ သတင်းမှားဖြန့်

သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီ ထောက်ခံသူ အကောင့်တုတွေဖြန့်ဝေနေတဲ့ “မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမှာ KKO ၊ KTLA၊pdf အထီး၊အမ ပေါင်း ၅၇ ယောက်သေ”ဆိုတဲ့…

ဘီလူးစစ်ကြောင်းရဲ့ တိုက်ခိုက်ရေးဗျူဟာတွေနဲ့ ပတ်သက်ပြီး Myingyan Black Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲနဲ့ ဆက်သွယ်မေးမြန်းချက်

“သူတို့ပြောတယ်။ သေရဲတဲ့ကောင်တက်ခဲ့၊ ကျွန်တော်တို့ သေရဲတယ်ထွက်ခဲ့တယ်။ အခုချိန်မှာ မင်းဘာ ကောင်လဲ ငါဘာကောင်လဲ မေးရတော့မယ့်အချိန်ဖြစ်သွားပြီ။ သူတို့သေရဲရင်တက်လာခဲ့ ။ကျွန်တော်တို့ အညာက ထိုင်စောင့်နေမယ်” “မင်းအောင်လှိုင်ကို လျှောက်လျှောက်ပြီး မလုပ်နဲ့။ သေချာလေးစနစ်တကျပေါ့ တိုက်မှာဆိုလည်း သေချာတိုက်။ ပြည်သူအိမ်မီးမရှို့နဲ့ ပြည်သူမိန်းခလေးကို မုဒိန်းမကျင့်နဲ့ ။ အဲဒီလိုလုပ်ရင် ကျွန်တော်တို့ဘက်က ခွင့်လွှတ်နိုင်စ ရာမရှိဘူး။ ကျပ်မပြည့်သလို ကျပ်ပြည့်သလိုနဲ့ ဦးနှောက်တစ်ခြမ်းပဲ့ပြီးလျှောက်မလုပ်ပါနဲ့”…

ကျိုက်ထိုမြို့ရှောင်လမ်းမှာ အမျိုးသား ၁ ဦး လုယက်သတ်ဖြတ်ခံရ

ကျိုက်ထို၊ ဧပြီ(၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ မြို့ရှောင်လမ်းမှာ မတ် ၃၁ ရက်နေ့ မနက်က အမျိုးသား ၁ ဦး လုယက်သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနက် ၁၀ နာရီအချိန်လောက်မှာ ကျိုက်ထိုမြို့၊ အောင်မင်္ဂလာရပ်ကွက် ၂ လမ်းနေ အသက် ၄၀ အရွယ် ကိုမင်းမင်းကို ကျိုက်ထိုမြို့ရှောင်လမ်းဘေးမှာ ထိုးသွင်းဒဏ်ရာတွေနဲ့…

လောင်းလုံး PDF ရဲဘော် ၂ ဦး ကျဆုံး

လောင်းလုံး၊ ဧပြီ(၁) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ မိုင်းမတော်တဆမှုနဲ့ ကျန်းမာရေးကြောင့် PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန် ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က လောင်းလုံးမြို့နယ် ကမြောကင်းတံတားအနီးမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ မိုင်းသွားထောင်စဉ် PDF ရဲဘော်…

စစ်အာဏာသိမ်း (၇၈၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၉၄ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၁) AAPP ရဲ့ မတ်(၃၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၈၉)ရက်အတွင်း ပြည်သူ (၃၁၉၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၉၄၂ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

သင်္ကြန်စည်ကားအောင် ကြိုးပမ်းနေတဲ့ စစ်ကောင်စီက သံချပ်မထိုးဖို့တားမြစ်

ရန်ကုန်၊ ဧပြီ(၁) လာမယ့် မြန်မာ့နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော်မှာ စည်စည်ကားကားဖြစ်အောင် ကြိုးပမ်းနေတဲ့ စစ်ကောင်စီက သံချပ်မထိုးဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကနေ နှိုးဆော်ချက်အနေနဲ့ မတ် ၃၁ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်လာပါတယ်။ အဲဒီနှိုးဆော်ချက်မှာ သင်္ကြန်ပွဲတော်နဲ့ပတ်သက်ပြီး သူတစ်ပါး ဒါမှမဟုတ် အဖွဲ့အစည်းတွေရဲ့ ဂုဏ်သိက္ခာပျက် ပြားထိခိုက်စေဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပြောဆိုတာ၊ သံချပ်ထိုးတာ၊ သီဆိုတာ၊ လှုပ်ရှားဆောင်…

ကယားပြည်နယ်မှာ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်အထိ နေရပ်စွန့်ခွာထွက်ပြေးနေရ

လွိုင်ကော်၊ ဧပြီ(၁) စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ ကယားပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့် ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်အထိ ရှိလာပြီလို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စိုးမိုးထားတဲ့ ကယားပြည်နယ်ရှိ ဘောလခဲ၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်က အင်အားအလုံးအ ရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ နေပြည်တော်နဲ့နီးပြီး…

တနင်္သာရီ-မောတောင်လမ်းမှာ တိုက်ပွဲပြင်းထန်နေ

တနင်္သာရီ၊ ဧပြီ(၁) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းနှစ်ပေါက်ကျေးရွာ တနင်္သာရီ-မောတောင်လမ်းမှာ မတ် ၃၁ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ တနင်္သာရီမြို့နယ် ပကဖတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ချောင်းနှစ်ပေါက်ကျေးရွာအတွင်း ထိုးစစ်ဆင် ဝင်ရောက်လာတာကြောင့် KNU တပ်ရင်း ၁၁၊ ကော်သူလေးအာမီ၊ တနင်္သာရီ…

KNU နယ်မြေမှာ အရပ်သားထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်လာ

သထုံ၊ ဧပြီ(၁) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်တဲ့ခရိုင်နဲ့ တပ်မဟာတွေမှာ အရပ်သားပြည်သူလူထုအပေါ် ပစ် မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တိုက် ခိုက်မှုတွေကြောင့် အခုမတ်လထဲမှာ အရပ်သားထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်လာတယ်လို့ KNU ဗဟိုနဲ့ KNU ခရိုင်သတင်းပြန်ကြားရေးဌာနတွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦး ဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ…

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည်သွားမယ်

တိုကျို၊ ဧပြီ(၁) ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ အက်စ်တဲလာ ဆေးဝါးကုမ္ပဏီရဲ့ အလုပ်သမားတစ်ဦးကို ထိန်းသိမ်းထားတဲ့ ကိစ္စအပါအဝင် ပြဿနာအတော်များများကို ဆွေးနွေးဖို့အတွက် ဘေဂျင်းကို စနေနေ့မှ စတင်ပြီး ၂ ရက်တာ သွားရောက်လည်ပတ်မယ်လို့ ပြောပါတယ်။ အပြုသဘောဆောင်ပြီး တည်ငြိမ်တဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်ဖို့ ရိုးသားပြီးပွင့်လင်းတဲ့ ဆွေးနွေးမှုတစ်ခု အတွက် တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ အဲဒီအလည်ပတ်ခရီးစဉ်ဟာ လျှပ်ကူးပစ္စည်းပါဝင်တဲ့…