နှစ်နှစ်ဆယ်အတွင်း ပထဆုံးအကြိမ်အဖြစ် တရုတ်တက္ကသိုလ်တွေ ကျောင်းလခ ၅၄ ရာခိုင်နှုန်းအထိ တိုးမြှင့်

0
5027

ဘေဂျင်း၊ ဇွန်(၇)

တရုတ်နိုင်ငံမှာ ပညာရေးဘတ်ဂျက်တွေကို လျှော့ချခြင်းနဲ့ ဒေသန္တရအစိုးရတွေမှာ ဘဏ္ဍာရေး တင်းကျပ်လာမှု တွေကြောင့် တရုတ်တက္ကသိုလ်တွေရဲ့ ကျောင်းလခကိုတိုးမြှင့်လိုက်ပါတယ်။

ဒီလိုတိုးမြှင့်လိုက်တာဟာ ဆယ်စုနှစ်နှစ်စုအကြာအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးမြှင့်လိုက်တာဖြစ်တယ်လို့ လည်း သိရပါတယ်။

တင်းကျပ်တဲ့ ကိုဗစ်မူဝါဒကို ၃ နှစ်ကျော်ပြဌာန်းပြီး ဒေသအစိုးရတွေမှာ ဘဏ္ဍာရေးအကျပ် အတည်းတွေ ဖြစ်ပေါ်တာ၊ ဆင်းရဲမွဲတေလာမှုနဲ့ နောက်ကျနေတဲ့ စီးပွားရေး စတဲ့ အခြေအနေတွေကြားမှာ ကျောင်းလခ တိုးမြှင့်မှု ဖြစ်ပေါ်လာရတာဖြစ်ပြီး တရုတ်နိုင်ငံရှိ တက္ကသိုလ်အများစု၊ အများပြည်သူပိုင် သင်ကြာရေးနေ ရာတွေဟာ နိုင်ငံရဲ့ဘဏ္ဍာကို ကြီးစွာမှီခိုနေရတယ်လို့လည်း သိရပါတယ်။

ရှန်ဟိုင်းအခြေပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ တရုတ်အရှေ့ပိုင်း တက္ကသိုလ်တွေမှာ အခုနှစ်ကျောင်းတက်သူတွေ အနက် သိပ္ပံတွဲများကို အမေရိကန်ဒေါ်လာ ၁၀,၈၂ ဒေါ်လာ ၅၄ ရာခိုင်နှုန်းအထိ လည်းကောင်း၊ ဝိဇ္ဇာတွဲများကို ၃၀ ရာခိုင်နှုန်းအထိလည်းကောင်း တိုးမြှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုနှစ်စတင်မယ့် ပညာသင်နှစ်အတွက် နှစ် ၂၀ ကျော်ကြာ မပြောင်းလဲထားခဲ့တဲ့ ကျူရှင်စရိတ်ကို တိုးမြှင့်ဖို့ လူထုကြားနာမှုတွေကျင်းပခဲ့ပြီးနောက် ရှန်ဟိုင်းရဲ့ ဘဏ္ဍာရေးအဖွဲ့ဟာ နှုန်းထားတိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပညာရေးဝန်ကြီးဌာနရဲ့ မျှော်မှန်းထားတဲ့ ဘတ်ဂျက်အသုံးစရိတ်ဟာ ၂၀၂၃ ခုနှစ်မှာ အရင်နှစ်ထက် ၃.၇ ရာခိုင်နှုန်း_ ယွမ် ၁၀၂.၆ ဘီလီယံသို့ ကျဆင်းသွားကြောင်း ဝန်ကြီးဌာနရဲ့  ဘတ်ဂျက်အစီရင်ခံစာအရ သိရပါတယ်။

တရုတ်ရဲ့ ပညာရေးကဏ္ဍဆိုင်ရာ အကြီးတန်းပညာရှင်တွေပါဝင်တဲ့ သုတေသနအဖွဲ့ကလည်း တက္ကသိုလ် တွေမှာ လာရောက်လေ့လာနေတဲ့ ပြည်ပကျောင်းသားတွေအနေနဲ့ ကျောင်းလခတိုးမြှင့်ပေးဖို့လည်း တောင်း ဆိုခဲ့တာပါ။

အဲဒီသုတေသနရဲ့ လေ့လာချက်မှာလည်း ပြည်ပကျောင်းသားတွေရဲ့ ကျောင်းလခကို  ယွမ်ငွေတစ်သောင်း တစ်ထောင်မှ နှစ်သောင်းအထိ တိုးမြှင့်ဖို့ အကြံပြုထားခဲ့ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.