စစ်သားဘဝ ရခဲကြောင်း တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြော
နေပြည်တော် မေ ၉ စစ်သားဘဝဟာ ရခဲတဲ့ဘဝဖြစ်တာကြောင့် အသက်စွန့်လွှတ်ဖို့ သစ္စာပြုထားတဲ့ စစ်သားဘဝကို ချစ်မြတ်နိုးပြီး ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ကြဖို့ လိုကြောင်း အာဏာသိမ်း စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောဆိုလိုက်ပါတယ်။ မေ ၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အရာရှိ စစ်သည် မိသားစုဝင်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် စစ်သားတွေရဲ့…
