စစ်ပွဲအဆုံးသတ်ရေး အီရန်ရဲ့ အဆိုပြုချက်ကို အမေရိကန် တရားဝင် တုံ့ပြန်
တီဟီရန် စက်တင်ဘာ ၃၀ အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အီရန်ဘက်က တင်ပြထားတဲ့ အဆိုပြုချက်အပေါ် အမေရိကန်ရဲ့ တရားဝင် တုံ့ပြန်ချက်ကို လက်ခံရရှိပြီလို့ အီရန်အစိုးရက စက်တင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရက်ချီက အမေရိကန်ရဲ့ တုံ့ပြန်ချက်ကို သမ္မတ မာဆောက် ပီဇက်ခီယန်ထံ တင်ပြခဲ့ပေမယ့် အသေးစိတ်အကြောင်းအရာကိုတော့ ထုတ်ဖော်မပြောသေးပါဘူး။ ခုနစ်လခန့် ကြာမြင့်လာပြီဖြစ်တဲ့ ပဋိပက္ခကို…
