September 2, 2026

စစ်အာဏာသိမ်း (၂၀၄၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၃၃) ဦးထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၃ AAPP ရဲ့ စက်တင်ဘာ ၂ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၃၉) ရက်အတွင်း ပြည်သူ (၈၃၃၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၈၆၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၁၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

လက်နက်ခဲယမ်း တားဆီးထိန်းချုပ်ရေး ထိုင်းနဲ့ စစ်အစိုးရကြား ခပ်စိပ်စိပ် ဆွေးနွေးလာ

နေပြည်တော် ၊ စက်တင်ဘာ ၃ ကိုယ်တိုင်ခန့် သမ္မတနဲ့ တပ်ချုပ်သစ်တို့ရဲ့ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း တားဆီးထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရနဲ့ မြန်မာစစ်အစိုးရတို့ကြား ခပ်စိပ်စိပ် ဆွေးနွေးလာကြတယ်လို့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေကနေ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်နှောင်းပိုင်းမှာ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအသံမတ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ရက်ပိုင်းခြားပြီး နေပြည်တော်ကို လာရောက်ကာ…

မော်လမြိုင်မှာ လမ်းတွေ ဆိုးဝါးစွာ ပျက်စီးနေပေမယ့် စစ်အစိုးရ မပြင်ဆင်ဘဲ လျစ်လျူရှုထား

မော်လမြိုင် ၊ စက်တင်ဘာ ၃ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ အများပြည်သူ အသုံးပြုနေတဲ့ လမ်ပိုင်းအများစု ဆိုးဆိုးဝါးဝါး ပျက်စီးနေပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က မပြင်ဆင်ဘဲ လျစ်လျူရှုထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်ထောင်စုလမ်းပိုင်းတွေအပါအဝင် မြို့တွေရဲ့ အဓိက ကျတဲ့ လမ်းမကြီး၊ လမ်းသွယ်တွေ၊ လမ်းကြားတွေကအစ မိုးရွာသွန်းမှုနဲ့အတူ ပြင်ဆင်မှု မရှိတာကြောင့်…

ထားဝယ် အရှေ့တောဒေသ ကျေးရွာတွေ လေကြောင်းဗုံးကြဲခံရ

ထားဝယ်၊ စက်တင်ဘာ ၃ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသက ကျေးရွာတချို့ကို အာဏာသိမ်း စစ်တပ် လေကြောင်းကနေ ဗုံးကြဲသွားတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ကစလို့ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်တပ် စစ်ကြောင်းဟာ ထားဝယ်အရှေ့တောင်ဒေသထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လေကြောင်းကနေလည်း…

အရေးပေါ် စွမ်းအင်ထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်ဖို့ တောင်ကိုရီးယားနဲ့ ဂျပန် ဆွေးနွေး

ဆိုးလ်၊ စက်တင်ဘာ ၂ တောင်ကိုရီးယားနဲ့ဂျပန်ကြား စွမ်းအင်ထောက်ပံ့ရေး ကွင်းဆက်တွေ အကောင်အထည်ဖော်ရေး ပထမဆုံး အစည်းအဝေးကို တိုကျိုမြို့မှာ ကျင်းပခဲ့ ပါတယ်။ စွမ်းအင် ထောက်ပံ့မှုနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေနိုင်မယ့် နည်းလမ်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယား စက်မှုဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။ ဓာတ်ငွေ့အရည် (LNG)၊ ရေနံစိမ်းနဲ့ ဓာတ်ဆီ…

ရေဘေးကြုံပြီး တစ်ပတ်အတွင်း တရုတ်က နီပေါနယ်စပ်သို့ ဆက်သွယ်တဲ့ လမ်းမ ပြန်လည်တည်ဆောက် ပြီးစီး

ဘေဂျင်း၊ စက်တင်ဘာ ၂ တရုတ်နဲ့ နီပေါကြား နယ်စပ်ဖြတ်လမ်း ဂရီယွန်ဒေသသို့ ဦးတည်သွားတဲ့ လမ်းဟာ ရေဘေးကြောင့် ပျက်စီးသွားပြီးနောက် သီတင်းတစ်ပတ်အတွင်း အပြည့်အဝ ပြန်လည် တည်ဆောက်ပြီး ဖြစ်ကြောင်း သိရပါတယ်။ နီပေါ-တိဗက် နယ်စပ် အပေါ်ပိုင်းမှာ ရေခဲမြစ် တစ်ခု ပြီးခဲ့တဲ့ သီတင်းပတ်က ပြိုကျပြီးနောက် အဲဒီ နယ်စပ်လမ်း တစ်စစီ ပျက်စီးသွားပြီး ရေခဲထုတွေ၊…

ပွင့်ဖြူမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

မကွေး စက်တင်ဘာ ၂ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက် မနက်ပိုင်းက ကျောင်းကုန်းကြီးကျေးရွာနဲ့ ရေပုတ်ကြီးကျေးရွာအကြားမှာ ပစ်ခတ်မှုဖြစ်ပြီး ရေပုတ်ကြီးကျေးရွာက အမျိုးသမီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။ “ပျူစောထီးခေါင်းဆောင် ကြံကြီးဆိုတဲ့သူကို…

မွန်မှာ အုပ်ချုပ်ရေးမှူးတွေပါ စစ်မှုထမ်း လိုက်လံဖမ်းဆီးနေ

မော်လမြိုင်၊ စက်တင်ဘာ ၂ မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတချို့ဟာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို ကိုယ်တိုင် လိုက်လံဖမ်းဆီးပြီး စစ်သင်တန်းကျောင်းတွေထံ ပို့ဆောင်မှုတွေ ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း သင်တန်းအတွက် တပ်သား လိုအပ်ချက်ရှိနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ မဖြစ်မနေ စစ်မှုထမ်း စုဆောင်းပေးဖို့ ဖိအားပေးမှုတွေ…

ပူတင်၊ ရှီကျင့်ဖျင်နဲ့ ထရန့်တို့ နိုဝင်ဘာလအတွင်း သုံးပွင့်ဆိုင် တွေ့ဆုံဖို့ ရှိတယ်လို့ ရုရှား ပြော

မော်စကို ၊ စက်တင်ဘာ ၂ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ နိုဝင်ဘာလအတွင်း ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး APEC ညီလာခံမှာ သုံးပွင့်ဆိုင် ဆွေးနွေးဖွယ် ရှိတယ်လို့ ကရင်မလင် နန်းတော် အရာရှိ ယူရီ အူရှာကော့ဗ်က စက်တင်ဘာ…

စစ်မြေပြင်မှာ ရုရှား အနိုင်ရနေပြီး အကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းမှာ မဟုတ်ဘူးလို့ ပူတင် ပြော

မော်စကို ၊ စက်တင်ဘာ ၂ သမ္မတ ဗလာဒီမာ ပူတင်က ရုရှားအနေနဲ့ ယူကရိန်း စစ်ပွဲမှာ အနိုင်ရနေပြီး ယူကရိန်း ခေါင်းဆောင်ပိုင်းဟာ မော်စကိုအနေနဲ့ ညှိနှိုင်းလို့ မရနိုင်တဲ့ အကြမ်းဖက်သမားတွေ ဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်မှာ ပြောလိုက်ပါတယ်။ သီတင်းပတ် များစွာအတွင်း စစ်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ အသေးစိတ် အကျဆုံး ပြောဆိုမှုတွေအဖြစ်…