ဘေဂျင်း၊ စက်တင်ဘာ ၂

တရုတ်နဲ့ နီပေါကြား နယ်စပ်ဖြတ်လမ်း ဂရီယွန်ဒေသသို့ ဦးတည်သွားတဲ့ လမ်းဟာ ရေဘေးကြောင့် ပျက်စီးသွားပြီးနောက် သီတင်းတစ်ပတ်အတွင်း အပြည့်အဝ ပြန်လည် တည်ဆောက်ပြီး ဖြစ်ကြောင်း သိရပါတယ်။

နီပေါ-တိဗက် နယ်စပ် အပေါ်ပိုင်းမှာ ရေခဲမြစ် တစ်ခု ပြီးခဲ့တဲ့ သီတင်းပတ်က ပြိုကျပြီးနောက် အဲဒီ နယ်စပ်လမ်း တစ်စစီ ပျက်စီးသွားပြီး ရေခဲထုတွေ၊ ကျောက်သားတွေနဲ့ ရွှံ့နွံတွေ တောင်ကြား အောက်ဖက်ထဲကို ကျဆင်းသွားခဲ့ပါတယ်။

အဲဒီ လမ်းဟာ တရုတ်နဲ့ နီပေါကြား အဓိက ကုန်သွယ်ရေးနဲ့ ပို့ဆောင်ရေး လမ်းကြောင်းဖြစ်ပြီး ဟိမဝန္တာဒေသရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

နီပေါ နယ်စပ်ရှိ ရာဆူဝါဝါဒီမြို့သို့ တောင်တန်းတွေကို ဖြတ်သန်းပြီး ခရီးသွားတွေနဲ့ ကုန်စည်တွေ တင်ပို့ဖို့ အသုံးပြုနေတဲ့ လမ်းလည်း ဖြစ်ပါတယ်။

အဲဒီ လမ်း ပျက်စီးသွားတာကြောင့် တရုတ်နိုင်ငံဖက်ခြမ်းမှာ အဆိုးရွားဆုံး ရေဘေးနဲ့ ကြုံရတဲ့ ဒေသ တချို့ဆီ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိနိုင်ဖို့ အခက်ကြုံခဲ့ရပါတယ်။

အဲဒီလမ်းရဲ့ နောက်ဆုံးအပိုင်းကို စက်တင်ဘာ ၂ ရက်က ပြန်ဖွင့်ခဲ့တယ်လို့ တရုတ် နိုင်ငံပိုင် ရုပ်သံလိုင်း CCTV က ဖော်ပြပြီး အခုအချိန်မှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေ အများကြီး ရောက်ရှိနေပြီ ဖြစ်ကာ ပျောက်ဆုံးနေသူတွေကို အရှိန်မြှင့် ရှာဖွေနေပါတယ်။

နီပေါ ကယ်ဆယ်ရေးသမားတွေက ရဟတ်ယာဉ်တွေနဲ့ တခြား လေကြောင်း အကူအညီတွေနဲ့ အနည်းဆုံး လူ ၁၁၈ ဦးကို ဘေးကင်းရာ သယ်ထုတ်နိုင်ခဲ့ပြီးနောက် တရုတ်က အဲဒီ လမ်းကို အပြီး ပြန်ဖောက်ခဲ့တာ ဖြစ်ပါတယ်။

နီပေါ နိုင်ငံသား ၁၁၈ ဦးနဲ့ ဗြိတိန်နိုင်ငံသား ၁ ဦး ပါဝင်တဲ့ လူ ၁၁၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း နီပေါ စစ်တပ်က ပြောပါတယ်။

အဲဒီ ဗြိတိန် နိုင်ငံသားဟာ နီပေါသို့ ရောက်ရှိနေတဲ့ စေတနာ့ဝန်ထမ်း ဖြစ်ကြောင်း နောက်ပိုင်းမှ သိရှိခဲ့ရပါတယ်။

သူဟာ တံတားတွေ ပျက်စီးသွားလို့ အဆက်ပြတ်နေတဲ့ ဒေသတွေဆီ အကူအညီတွေ ပေးပို့နေခဲ့တာ ဖြစ်ပြီး ရေဘေးသင့်သူအနေနဲ့ အထင်မှားပြီး ကယ်ဆယ်ရေး အဖွဲ့တွေက ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ထရီရှူလီမြစ်တလျှောက် ရေအားလျှပ်စစ် အဆောက်အဦတွေမှာရှိတဲ့ ရွှံ့နွံတွေ ပြည့်နေတဲ့ ဥမင်လမ်း ကွန်ရက်တွေအတွင်းမှာ ပိတ်မိနေတယ်လို့ ယုံကြည်ရတဲ့ အလုပ်သမား ၆၀၀ ကျော် အပါအဝင် ထောင်နဲ့ချီတဲ့ လူတွေကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ရေအားလျှပ်စစ် စက်ရုံနေရာတွေဆီကနေ လူပေါင်း ၂၇၉ ဦးကို ကယ်တင်ထားပြီး ဖြစ်ကြောင်း နီပေါ ဝန်ကြီးချုပ် ဘာလန်ဒရာ ရှားက သြဂုတ် ၃၁ ရက်မှာ ပြောပါတယ်။

ပိတ်မိနေသူတွေကို နီပေါ၊ အိန္ဒိယနဲ့ တရုတ် ကယ်ဆယ်ရေး အဖွဲ့တွေ ရှာတွေ့ဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပြီး တောင်ကိုရီးယားနဲ့ သြစတြေးလျ ပညာရှင်တွေကလည်း ကူညီပေးနေပါတယ်။

ရေဘေးကြောင့် သေဆုံးသူ အရေအတွက်ဟာ စက်တင်ဘာ ၁ ရက်က ၁၀၀၀ ကျော်လာခဲ့ပြီး လူ ၄၀၀၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ပျောက်ဆုံးနေသူတွေထဲမှာ နိုင်ငံခြားသား ၅၈၃ ဦး ပါဝင်ကြောင်း နီပေါ အရာရှိတွေက ပြောပါတယ်။

ရေဘေးကြုံပြီးနောက်ပိုင်း လူပေါင်း ၁၁၀၀၀ ကျော်နဲ့ နိုင်ငံခြားသား ၃၃၀ ကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း နီပေါ ကမ္ဘာလှည့် ခရီးသွားဘုတ်အဖွဲ့က စက်တင်ဘာ ၁ ရက်မှာ ပြောဆိုထားပါတယ်။

Ref:Independent

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.