July 3, 2026

စစ်အာဏာသိမ်း (၁၉၇၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၁၄၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်၄ AAPP ရဲ့ ဇူလိုင်၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၇၉) ရက်အတွင်း ပြည်သူ (၈၁၄၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၃၀၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၀၀၅)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဖို့ မွန်ပြည်သစ်ပါတီ ဖိအားပေးခံရ

နေပြည်တော် ၊ ဇူလိုင် ၄ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းကနေ သုံးကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပြီးနောက် ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဖို့ စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC က ဖိအားပေးလာပါတယ်။ ဇူလိုင် ၂ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ နေပြည်တော်ရှိ M Gallery ဟိုတယ်မှာ…

မြဝတီတိုက်ပွဲကြောင့် ထိုင်းက နယ်စပ်ဂိတ်တချို့ကို စပိတ်

မြဝတီ၊ ဇူလိုင် ၄ မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးနယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်မှာ ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားပြီး ဂိတ်တချို့ကို ပိတ်ထားလိုက်ပြီလို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာနဲ့ ဖလူးရွာတွေမှာ ထိုးစစ်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတို့အကြား ပြီးခဲ့တဲ့ ဇွန်လကုန်က နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားခဲ့ရာ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ…

ကျိုက်ထို ဇီးကုန်းရွာကို စစ်တပ်ဗုံးကြဲ

ကျိုက်ထို၊ ဇူလိုင် ၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာမှာ တိုက်ပွဲမရှိဘဲ အာဏာသိမ် စစ်တပ် လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်လောက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဂျက်ဖိုက်တာ လေယာဉ် တစ်စီးဟာ ဇီးကုန်းကျေးရွာကို လေကြောင်းကနေ ဗုံး နှစ်လုံး ကြဲချသွားတာပါ။ အဲဒီဗုံးကြဲမှုတွေအတွင်း…

ကုလ ရုံးချုပ် ပြင်ပမှာ တိဗက် ဒေသခံ အမျိုးသား တစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြပြီး သေဆုံး

နယူးယောက်၊ ဇူလိုင် ၃ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ် အပြင်တက်မှာ အမျိုးသား တစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြပြီးနောက် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သူဟာ တိဗက်လူမျိုး ဖြစ်ပြီး တိဗက်ဒေသ လွတ်မြောက်ရေးအတွက် ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြပြီး တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်ပမှာ အခြေစိုက်တဲ့ တိဗက် မီဒီယာ…

၆ ရက်ကြာမြင့်မယ့် အီရန် ခေါင်းဆောင် ခါမေနီရဲ့ ဈာပနအခမ်းအနား ကို လူသန်းချီ တက်ရောက်ဖို့ရှိ

တီဟီရန်၊ ဇူလိုင် ၃ အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ဈာပနအတွက် သူ့ရဲ့ အလောင်းကို တီဟီရန်မြို့ရှိ ဘာသာရေး အဆောက်အဦသို့ ဇူလိုင် ၃ ရက် မနက်ပိုင်းက ပို့ဆောင်ထားပြီး အသုဘ အခမ်းအနားသို့ လူသန်းပေါင်းများစွာ တက်ရောက်မယ်လို့ မျှော်လင့်ရကြောင်း ဂါးဒီးယန်း သတင်းဌာနက ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ လကုန်ပိုင်းက…

အသွင်ပြောင်းပေမယ့် ဗီဇမပြောင်းတဲ့ စစ်အာဏာရှင်

မော်လမြိုင် ၊ ဇူလိုင် ၃ မဲမသမာမှုအကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက် ရွေးကောက်ပွဲကနေ အသွင်ပြောင်းအစိုးရအဖြစ် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတယ်လို့ ကြွေးကြော်နေပါတယ်။ လက်တွေ့မှာတော့ ပြည်သူတွေကို အကြောင်းပြချက်မရှိ ဖမ်းဆီးတာ၊ လေကြောင်းနဲ့ တိုက်ခိုက်တာ အဓမ္မဖမ်းဆီး စစ်မှုထမ်းခိုင်းတာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမျှော်လင့်ချက်တို့ကို ဆက်လက်ပိတ်ပင်တားဆီးနေတာပါ။ စစ်တပ်က…

PDF တွေ အလင်းဝင်နိုင်ရေး ဖိတ်ခေါ်ဖို့ မွန်လွှတ်တော် ဥက္ကဋ္ဌ ပြော

မော်လမြိုင်၊ ဇူလိုင် ၃ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်နိုင်ရေး တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီအနေနဲ့ အလေးထား ဖိတ်ခေါ်ဖို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးက ပြောပါတယ်။ မနေ့ ဇူလိုင် ၂ ရက်နေ့က မွန်ပြည်နယ် လွှတ်တော်မှာ ပြုလုပ်တဲ့ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အစည်းအဝေးမှာ ဦးသက်ထွေးက တိုက်တွန်းမှာကြားခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ ဦးသက်ထွေးက…

မွန်ပြည်သစ်ပါတီနဲ့ စစ်တပ် အသွင်းပြောင်း အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေး

နေပြည်တော်၊ ဇူလိုင် ၃ ဝါရင့်မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP နဲ့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC တို့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ မွန်ပြည်သစ်ပါတီ NMSP နဲ့ စစ်တပ် အသွင်းပြောင်း အစိုးရဲ့ NSPNC ကော်မတီတို့ဟာ…

ဟောမု့ဇ် ရေလက်ကြားမှာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း မသွားတဲ့ သင်္ဘောတွေကို အင်အားသုံး တုံ့ပြန်မယ်လို့ အီရန် ခြိမ်းခြောက်

ဒူဘိုင်း၊ ဇူလိုင် ၃ ဟောမု့ဇ် ရေလက်ကြားကနေ ဖြတ်သန်းသွားတဲ့ သင်္ဘောတွေအနေနဲ့ မိမိတို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း မသွားလာရင် အင်အားသုံး တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း အီရန် ပူးတွဲ စစ်ရေးဌာနချုပ်က ဇူလိုင် ၂ ရက်မှာသတိပေးလိုက်ပါတယ်။ နိုင်ငံတကာ စွမ်းအင်ထောက်ပံ့မှုအတွက် အရေးပါတဲ့ အဲဒီ ရေလက်ကြားနဲ့ ပတ်သက်လို့ အီရန်က အခုလို ခြိမ်းခြောက်မှုကြောင့်…