June 11, 2026

စစ်အာဏာသိမ်း (၁၉၅၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၉၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၂ AAPP ရဲ့ ဇွန်၁၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၅၇) ရက်အတွင်း ပြည်သူ (၈၀၉၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၁၅၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၆၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

စစ်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်မလား

နေပြည်တော် ၊ ဇွန် ၁၂ အရပ်သားအသွင်ပြောင်း စစ်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၇ ဖွဲ့ တို့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်လာပါတယ်။ အဲဒီတွေ့ဆုံမှုတွေအတွင်း ဆွေးနွေးညှိနှိုင်းရရှိမှုတွေကို မှတ်တမ်းတင်ရာမှာ ထိရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ပြီး NCA ပါ သဘောတူညီချက်တွေကို…

မွန်ပြည်နယ်လွှတ်တော်မှာ ကော်မတီဖွဲ့ပြီး တိုင်ကြားစာ လက်ခံမယ်လို့ဆို

မော်လမြိုင် ၊ ဇွန် ၁၂ မွန်ပြည်နယ် လွှတ်တော်မှာ ပြည်သူတွေရဲ့ အသံကို ပိုမိုထိရောက်စွာ နားထောင်ပေးနိုင်ဖို့အတွက် တိုင်ကြားစာ ကော်မတီ ဖွဲ့စည်းပြီး တိုင်ကြားစာတွေ လက်ခံသွားမယ်လို့ စစ်အစိုးရရဲ့ ပြည်နယ်လွှတ်တော်ဘက်က အသိပေးထုတ်ပြန်ပါတယ်။ ပြည်နယ်လွှတ်တော်အနေနဲ့ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီကို ဖွဲ့စည်းသွားမှာ ဖြစ်ပြီး ဒီကော်မတီဟာ ပြည်သူတွေရဲ့…

မြန်မာပြည်အရှေ့တောင်ပိုင်းမှာ မြေမြှုပ်မိုင်းအန္တရာယ် ကြီးမားနေတယ်လို့ KHRG ပြော

မော်လမြိုင်၊ ဇွန် ၁၂ မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ပွဲ တွေအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေအသုံးပြုတဲ့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေဟာ ဒေသခံတွေအပေါ် ကြီးမားတဲ့အန္တရာယ်ကို ဖြစ်ပေါ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ဝေလိုက်တဲ့ လူ့အခွင့်အရေးသတင်းလွှာ ၂၀၂၆ ခုနှစ် ဧပြီလ စာစဉ် ၂၆ မှာပါရှိတဲ့…

ဂျပန်မှာ အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၄၁ ဦးကို ဖမ်းဆီး

တိုကျို ဇွန် ၁၁ ဂျပန်နိုင်ငံ အိုဆာကာစီရင်စု ရဲတပ်ဖွဲ့က လူမှုကွန်ရက်ပေါ်မှာ အယောင်ဆောင်ကြော်ငြာတွေတင်ကာ သင်တန်းကြေး လိမ်လည်ရယူခဲ့တဲ့ အဖွဲ့ဝင် ၄၁ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဇွန် ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အိုဆာကာမြို့က အက်ပလီကေးရှင်းဖန်တီးမှုကုမ္ပဏီတစ်ခု ဖြစ်တဲ့ Unity ရဲ့ ဥက္ကဋ္ဌ အသက် ၂၉ နှစ်အရွယ် ရှင်ဂို မက်ဆူမူရာလည်း…

ဘန်ကောက် ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုအတွက် ဝီဂါအမျိုးသား ၂ ဦးကို သေဒဏ်ချမှတ်

ဘန်ကောက် ဇွန် ၁၁ ထိုင်းနိုင်ငံမှာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တဲ့ ဘန်ကောက်မြို့က ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး တရားရုံးက ဝီဂါလူမျိုး အမျိုးသား ၂ ဦးကို အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ သေဒဏ်ချမှတ်လိုက်ပါတယ်။ ဘီလဲ မိုဟာမက်နဲ့ ယူဆူဖူ မီရာလီတို့ဟာ ၂၀၁၅ ခုနှစ် သြဂုတ် ၁၇…

သရက်ချောင်းမှာ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံရ

သရက်ချောင်း၊ ဇွန် ၁၁ တနင်္သာရီတိုင်း သရက်ချောင်းမြို့ ပန်းတောရပ်ကွက်မှာ ဒီကနေ့ ဇွန် ၁၀ ရက်နေ့ မနက်ပိုင်းက စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပစ်သတ်ခံရသူဟာ အသက် ၅၀ ကျော်အရွယ်ရှိ ပြည်သူ့စစ်အဖွဲ့ဝင် ဦးဝင်းဇော်ဆိုသူဖြစ်ပြီး ပန်းတောရပ်ကွက်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်အနီးက လက်ဖက်ရည်ဆိုင်မှာ ရှိနေချိန်…

မွန်စည်ပင်ကော်မတီ ဖွဲ့စည်းရေး ဝန်ကြီး ဖြေကြားချက် ဥပဒေနဲ့ကွဲလွဲ

မော်လမြိုင် ၊ ဇွန် ၁၁ မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ် စည်ပင်ဝန်ကြီးရဲ့ ဖြေကြားမှုဟာ ဥပဒေနဲ့ကွဲလွဲနေပြီး ပြည်နယ်လုပ်ပိုင်ခွင့်အတွက် ပြည်ထောင်စုထံ တင်ပြစရာမလိုဘူးလို့ ဝါရင့်နိုင်ငံရေးသမားတွေ ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က ပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်…

ငွေဖောင်းပွမှုကို သဘောကျ နှစ်ခြိုက်တယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဇွန် ၁၁ အမေရိကန်မှာ ပြီးခဲ့တဲ့လမှာ ကုန်ဈေးနှုန်း သုံးနှစ်အတွင်း အမြန်ဆန်ဆုံးနှုန်းနဲ့ မြင့်တက်ခဲ့ပြီးနောက် သမ္မတ ဒေါ်နယ် ထရန့်က သူ့အနေနဲ့ ငွေဖောင်းပွမှုကို သဘောကျ နှစ်ခြိုက်တယ်လို့ ပြောလိုက်ပါတယ်။ အလုပ်သမား စာရင်းဇယား ဗျူရို (BLS) ရဲ့ ကိန်းဂဏန်းတွေမှာ စောစောပိုင်း တစ်နှစ်ကထက် ကုန်ဈေးနှုန်း ၄ ဒသမ ၂ ရာခိုင်နှုန်း…

မြန်မာ ကျားဖြန့်ဂိုဏ်း တစ်ခုရဲ့ ဒီဂျစ်တယ်စနစ်ကို အမေရိကန် FBI ဖြိုခွင်း

ဝါရှင်တန်၊ ဇွန် ၁၁ မြန်မာနိုင်ငံရှိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆိုက်ဘာ လူလိမ်ကွန်ရက်ကို ဒေါ်လာ ဘီလီယံပေါင်းများစွာ ထိခိုက်သွားအောင် လုပ်ဆောင်လိုက်ကြောင်း အမေရိကန် ဥပဒေ စည်းကြပ်ရေး အေဂျင်စီ၊ ဖက်ဒရယ် စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) ပူးတွဲ လက်ထောက် ညွှန်ကြားရေးမှူး အန်ဒရူး ဘိုင်လေက ပြောပါတယ်။ “အဲဒီ ရာဇဝတ်ကောင် အုပ်စုတွေအတွက်…