June 10, 2026

စစ်အာဏာသိမ်း (၁၉၅၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၉၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၁ AAPP ရဲ့ ဇွန်၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၅၆) ရက်အတွင်း ပြည်သူ (၈၀၉၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၁၄၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၅၆)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောတူထားတဲ့ ၄၃ ချက်ကို စစ်အစိုးရရဲ့ လွှတ်တော်မှာ တင်ပြဖို့ ရှိနေ

နေပြည်တော် ၊ ဇွန် ၁၁ အာဏာသိမ်းမှုအတွင်း စစ်တပ်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သဘောတူညီချက်ရရှိထားတဲ့ ၄၃ ချက်ကို စစ်အစိုးရရဲ့ လွှတ်တော်မှာ တင်ပြဖို့ ရှိနေတယ်လို့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေကနေ သိရပါတယ်။ စစ်အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၇ ဖွဲ့ရဲ့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ ဇွန် ၉…

လေကြောင်းရန်ကြောင့် ရေးချောင်းဖျားဒေသခံတွေ နေရပ်စွန့်ခွာတိမ်းရှောင်

ရေး၊ ဇွန် ၁၁ မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ် ထပ်မံဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မေလ နောက်ဆုံးအပတ်နဲ့ ဇွန်လဆန်းပိုင်းမှာ ရေးချောင်းဖျားဒေသရှိ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အခုဇွန်လအတွင်းမှာပဲ…

အီရန်က ပင်လယ်ကွေ့ရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို လက်စားချေ တိုက်ခိုက်

ဒူဘိုင်း၊ဝါရှင်တန်၊ ဇွန် ၁၀ ဟောမု့ဇ် ရေလက်ကြားတဝှမ်း အီရန် ပစ်မှတ်တွေကို အမေရိကန်က တိုက်ခိုက်မှုအတွက် လက်စားချေတဲ့အနေနဲ့ ဇွန် ၁၀ ရက်မှာ ဂျော်ဒန်၊ ကူဝိတ်နဲ့ ဘာရိန်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပြောပါတယ်။ ဇွန် ၉ ရက်မှာ ဟောမု့ဇ် ရေလက်ကြားအနီး…

မော်လမြိုင်-ရန်ကုန်လမ်းပိုင်းက ရထားလမ်းကူးနေရာ ၁၀၀ ကျော် ပိတ်သိမ်း

မော်လမြိုင်၊ ဇွန် ၉ မွန်ပြည်နယ် မော်လမြိုင် – ရန်ကုန်ရထားလမ်းပိုင်းဖြစ်တဲ့ သိမ်ဇရပ်ဘူတာကနေ မော်လမြိုင်ဘူတာကြားရှိ ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေ လိုက်လံပိတ်သိမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကစလို့ မြန်မာ့မီးရထားဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်ပူးပေါင်းအဖွဲ့တွေဟာ ရထားလမ်းကူးနေရာတွေကို ခြံစည်းရိုးခတ်ကာရံပြီး လိုက်လံပိတ်သိမ်းနေတာပါ။ ရထားလမ်းကူးနေရာတွေ လိုက်လံပိတ်သိမ်းရတာဟာ လာမယ့်…

တစ်ပတ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သား ၉၀ နီးပါး သေဆုံး

သရက်ချောင်း၊ ဇွန် ၁၀ နိုင်ငံတဝန်းမှာ ဇွန်လပထမအပတ်အတွက်း စစ်ကော်မရှင်တပ် ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၈၉ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကနေ ၉ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အသက်နှစ်လအရွယ် ကလေးငယ်အပါအဝင် အသက် ၁၈…

တရုတ်ကုမ္ပဏီတွေကို အမေရိကန် အမည်ပျက်စာရင်းသွင်းမှု ဘေဂျင်းအစိုးရပြင်းပြင်းထန်ထန် ကန့်ကွက်

ဘေဂျင်း၊ ဇွန် ၁၀ ဝါရှင်တန်က တရုတ် စစ်တပ်ကို ကူညီနေတဲ့တယ်လို့ ပြောတဲ့ ကုမ္ပဏီစာရင်းမှာ နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Alibaba နဲ့ Baidu တို့ကို ထည့်သွင်းလိုက်ပြီးနောက် အမေရိကန်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဘေဂျင်းအစိုးရက ဇွန် ၉ ရက်မှာ ပြောလိုက်ပါတယ်။ အဲဒီစာရင်း စောစောပိုင်း ပုံစံ တစ်ခုကို…

အာဖဂန်နစ္စတန် ဆန္ဒပြပွဲအတွင်း ရှားရှားပါးပါး ပါဝင်လာတဲ့ အမျိုးသမီး နှစ်ဦး သေဆုံး

ဟီရတ်၊ ဇွန် ၁ အာဖဂန်နစ္စတန် အနောက်ပိုင်း ဟီရတ်မြို့မှာ အစ္စလာမ်မစ် ဥပဒေအတိုင်း ဝတ်ဆင်ရမယ်လို့ တင်းကြပ်စွာ သတ်မှတ်ထားမှု ချိုးဖောက်တယ်ဆိုတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးမှုအပေါ် ကန့်ကွက်တဲ့ ကြုံတောင့်ကြုံခဲ ဆန္ဒပြပွဲကို ဖြိုခွင်းရာမှာ တာလီဘန်ရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ဆန္ဒပြသူတွေက ပြောပါတယ်။ လူ နှစ်ဦး သေဆုံးခဲ့ကြောင်း ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေက ပြောကြားပေမယ့်…

စစ်အာဏာသိမ်း (၁၉၅၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၉၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၀ AAPP ရဲ့ ဇွန်၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၅၅) ရက်အတွင်း ပြည်သူ (၈၀၉၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၁၃၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၅၆)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

တရုတ်အားကိုးနေရတဲ့ စစ်အစိုးရက ဒေသတွင်းနိုင်ငံတွေနဲ့ပါ အရေးတယူ ဆက်ဆံလာ

နေပြည်တော် ၊ ဇွန် ၁၀ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖြစ် အာဆီယံနဲ့ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုရရှိရေးအတွက် အာဏာသိမ်း စစ်အစိုးရက သံတမန်ဆက်ဆံရေးမှာ အပြောင်းအလဲလုပ်လာပါတယ်။ အာဏာသိမ်းမှုအတွင်း တရုတ်၊ ရှရှားနဲ့ ဘယ်လာရုစ်တို့ကိုသာ နှစ်ဘက်အကျိုးစီးပွားအရ ဆက်ဆံခဲ့ပေမယ့် အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ပုံဖော်လာချိန်မှာတော့ ဒေသတွင်းနိုင်ငံတွေနဲ့ပါ ထိတွေ့ဆက်ဆံ လာတာပါ။ စစ်အစိုးရကို အာဆီယံနဲ့…