သရက်ချောင်း၊ ဇွန် ၁၀

နိုင်ငံတဝန်းမှာ ဇွန်လပထမအပတ်အတွက်း စစ်ကော်မရှင်တပ် ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၈၉ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကနေ ၉ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အသက်နှစ်လအရွယ် ကလေးငယ်အပါအဝင် အသက် ၁၈ နှစ်အောက် မိန်းကလေး ၄၀ ဦးနဲ့ ယောင်္ကျားလေး ၄၉ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေအနက် ပဲခူးတိုင်းမှာ ၂၅ ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး ချင်းပြည်နယ်မှာ ၁၈ ဦးနဲ့ ဒုတိယသေဆုံးမှု အများဆုံးဖြစ်ပါတယ်။

အဲဒီထဲမှာ အများစုဟာ စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၀ ဦး အထိရှိပြီး ၁၇ ဦး မှာ စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့မှာ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ ကျေးရွာတွေကို ထားဝယ်အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က လေကြောင်းကနေ ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဥတ္တူကျေးရွာနေ ကိုမျိုးသူ၊ အသက် ၁၈ နှစ်အောက် ဖြစ်တဲ့ မချိဇင်နဲ့ မမီးငယ်ရာတို့ ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ တစ်လအတွင်းကလည်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၄၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.