June 3, 2026

စစ်အာဏာသိမ်း (၁၉၄၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၇၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၄ AAPP ရဲ့ ဇွန်၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၄၉) ရက်အတွင်း ပြည်သူ (၈၀၇၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၀၈၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၄၃)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ပြည်သူ့အသံ လွှတ်တော်အသံ စစ်တပ်ကို ကျော်နိုင်မလား

နေပြည်တော် ၊ ဇွန် ၄ စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်အရပ်ရပ်ဟာ စစ်တပ်ကို မလွန်ဆန်နိုင်တဲ့အတွက် ပြည်သူ့အကျိုးစီးပွားကို လက်တွေ့ကျကျ အကာအကွယ်မပေးနိုင်ဘူးလို့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လွှတ်တော်ရဲ့ အဓိကတာဝန်ဟာ ဥပဒေပြုရေးနဲ့ အစိုးရကို ထိန်းကျောင်းရတာဖြစ်လို့ ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူလူထုရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို အစိုးရနဲ့ ဌာနဆိုင်ရာတွေက အ‌ကောင်အထည်ဖော်လာအောင် တင်ပြတောင်းဆိုပေးရတာဖြစ်ပါတယ်။…

မြဝတီ ဝေါ်လေဗျူဟာမှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ၊ ဇွန် ၄ မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်း ဝေါ်လေဗျူဟာကုန်းမှာ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက် ဗျူဟာမကျရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဝေါ်လေဗျူဟာကုန်းကို KNLA တပ်မဟာ ၆ နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့က ပိတ်ဆို့တိုက်ခိုက်နေတာ တစ်နှစ်နီးပါးရှိလာပြီဖြစ်ပြီး ဗျူဟာစခန်းကုန်းရဲ့ ကာကင်းတွေ အားလုံးကို တော်လှန်ရေးအင်အားစုက…

မွန်ပြည်နယ် ရေးချောင်းဖျားဒေသ ထပ်မံဗုံးကြဲခံရ

ရေး၊ ဇွန် ၄ မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသကို စစ်ကော်မရှင်တပ် လေကြောင်းကနေ ထပ်မံဗုံးကြဲသွား တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဇွန် ၃ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ဂျက်ဖိုက်တာ လေယာဉ် နှစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး လေးလုံး လာရောက်ကြဲချသွားတာပါ။…

မလေးရှား အစိုးရက ဒုက္ခသည်တွေကို မှတ်ပုံတင်ဖို့နဲ့ အလုပ်လုပ်ခွင့်ပေးဖို့ ပြင်ဆင်

ကွာလာလမ်ပူ၊ ဇွန် ၃ မလေးရှား အစိုးရက နိုင်ငံတွင်း နေထိုင်နေတဲ့ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့် တောင်းခံသူတွေ နှစ်သိန်းကျော်ကို စီမံခန့်ခွဲရေး အရှိန်မြှင့် ကြိုးပမ်းနေပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေအနေနဲ့ အလုပ်သမား ပြတ်လပ်နေတဲ့ ကဏ္ဍတွေမှာ ယာယီ အလုပ်လုပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ အခုနှစ်စကတည်းက မလေးရှား အစိုးရက သူတို့ရဲ့ ဒုက္ခသည် မှတ်ပုံတင် မှတ်တမ်းတင်…

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ

ဘန်ကောက်၊ ဇွန် ၃ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ဘုရင်ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမှုအရ သူ့ရဲ့ လက်ကျန် ထောင်ဒဏ်ကနေ လွတ်မြောက်တော့မှာ ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးက ဇွန် ၃ ရက်က သတင်းထောက်တွေကို ပြောပါတယ်။ ထောင်ဒဏ် ၈ လ ကျခံခဲ့ပြီးနောက် ပြီးခဲ့တဲ့လက အာမခံနဲ့ လွတ်မြောက်လာသူ သက်ဆင်ဟာ သူအပေါ် ချမှတ်ထားတဲ့…

မွန်ပြည်နယ် လွှတ်တော်မှာ လောင်းကစားမှု ပပျောက်ရေး အဆိုတင်သွင်းမယ်

မော်လမြိုင်၊ ဇွန် ၃ လာမယ့် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ လောင်းကစားမှု ပပျောက်ရေး အဆိုတင်သွင်းသွားဖို့ ရှိနေတယ်လို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့နီးစပ်သူတွေထံကနေ စုံစမ်းသိရှိရပါတယ်။ ဒီအဆိုကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က တင်သွင်းမှာ ဖြစ်ပါတယ်။ လောင်းကစားမှု ပပျောက်ရေး အဆိုဟာ ပြည်နယ်အတွင်းမှာ နာမည်ဆိုးနဲ့…

ရွှေကုက္ကိုလ်က ကျားဖြန့်အဆောက်အအုံ ၂၇ လုံး ဖြိုချဖျက်ဆီးလိုက်ပြီလို့ စစ်တပ် ပြော

မြဝတီ၊ ဇွန် ၃ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေထဲက အွန်လိုင်းလိမ်လည်မှု လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ ကျားဖြန့်အဆောက်အအုံ ၂၇ လုံး ဖြိုချဖျက်ဆီးလိုက်ပြီလို့ စစ်အစိုးရရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ရွှေကုက္ကိုလ်နယ်မြေထဲက ကျားဖြန့်အဆောက်အအုံတွေကို ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ကစလို့ စစ်အစိုးရက BGF အသွင်ပြောင်း ကရင်အမျိုးသားတပ် KNA ရဲ့…

တောင်ကိုရီးယားကို အာရှရဲ့ ဓားမြှောင်လို့ အမေရိကန် ခိုင်းနှိုင်းပြောဆိုမှု မြောက်ကိုရီးယား ရှုတ်ချ

ဆိုးလ်၊ ဇွန် ၃ တောင်ကိုရီးယားဟာ အာရှ နှလုံးသားထဲက ဓားမြှောင်ဖြစ်တယ်လို့ အမေရိကန် ထိပ်တန်း စစ်ဖက်ဆိုင်ရာ အရာရှိ တစ်ဦးရဲ့ တောင်ကိုရီးယား ခရီးစဉ် တွင်း နှိုင်းယှဉ် ပြောဆိုမှုကိုမြောက်ကိုရီးယားက ဇွန် ၃ ရက်မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ တောင်ကိုရီးယားဟာ တရုတ်ကို ထိန်းချုပ်ရေး ဝါရှင်တန်ရဲ့ မဟာဗျူဟာကို ရောင်ပြန်ဟပ်စေတယ်လို့ အမေရိကန် ဗိုလ်ချုပ်…

အီရန်သို့ ဦးတည်သွားတဲ့ ရေနံတင်သင်္ဘောကို အမေရိကန်က Hellfire ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်

ဝါရှင်တန်၊ ဇွန် ၃ သမ္မတ ဒေါ်နယ် ထရန့်က သူရဲ့ သတ်မှတ်ချက်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် ညှိနှိုင်းရေး တီဟီရန်ကို ဖိအားပေးနေချိန် အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဇွန် ၂ ရက်က အီရန်ဆီ ဦးတည်သွားတဲ့ ရေနံတင်သင်္ဘော တစ်စီးကို အမေရိကန်စစ်တပ်က Hellfire (ငရဲမီး) ဒုံးကျည်နဲ့ ပစ်ခတ်…