May 7, 2026

စစ်အာဏာသိမ်း (၁၉၂၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၂၈) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၈ AAPP ရဲ့ မေ၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၂၂) ရက်အတွင်း ပြည်သူ (၈၀၂၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၉၄၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၇၈)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ရွေးကောက်ခံအစိုးရအဖြစ် ပုံဖော်နေပေမယ့် အာဏာသိမ်းသမ္မတ လိပ်ပြာမလုံဖြစ်နေ

နေပြည်တော် ၊ မေ ၈ စစ်တပ်ဦးဆောင်တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပြည်သူလူထုက မဲပေးရွေးချယ်တဲ့ ရွေးကောက်ခံအစိုးရအဖြစ် ပုံဖော်နေပေမယ့် စစ်ခေါင်းဆောင်ဟောင်းတဖြစ်လည်း အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က လိပ်ပြာမလုံ ဖြစ်နေပါတယ်။ အရပ်သားအစိုးရကို ဖြုတ်ချပြီး ၂၀၂၁ အာဏာသိမ်းမှုကို အရင်းခံကာ စစ်တပ်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်တွေက စစ်ယူနီဖောင်းချွတ် တိုက်ပုံလဲဝတ်တဲ့ အသွင်ပြောင်း စစ်အစိုးရကို အာဆီယံအပါအဝင် နိုင်ငံတကာက…

မော်လမြိုင် လောင်းကစားဝိုင်းတွေမှာ လွှတ်တော်အမတ်ကြေးဆိုပြီး ပိုက်ဆံတိုးကောက်

မော်လမြိုင် ၊ မေ ၈ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေမှာ လွှတ်တော် ကိုယ်စားလှယ်ကြေးဆိုပြီး ပိုက်ဆံတိုးကောက်လာတယ်လို့ လောင်းကစားခုံ ပိုင်ရှင်တွေထံက သိရပါတယ်။ လောင်းကစားဝိုင်းတွေဟာ အရင်က တစ်ညကို လောင်းကစားဝိုင်း တစ်ခုံလျှင် ကျပ် ၅ သိန်းပေးဆောင်ခဲ့ကြရာမှ လက်ရှိမှာတော့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးဖို့အတွက်ဆိုကာ…

လောင်းလုံးမှာ စစ်တပ်စစ်ကြောင်းက အရပ်သားကားနှစ်စီးကို မီးရှို့ဖျက်ဆီး

လောင်းလုံး၊ မေ ၈ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ဝေဒီကျေးရွာကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကော်မရှင်တပ်က ကျေးရွာအတွင်းရှိ ကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ မနက်အစောပိုင်းမှာ အင်းအားတစ်ရာဝန်းကျင်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ လောင်းလုံးမြို့ပေါ်ကတဆင့် ဝေဒီကျေးရွာထဲကို သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့တာပါ။ စစ်ကော်မရှင်တပ်ရဲ့ သေနတ်ပစ်ဖောက်ပြီး စစ်ကြောင်းထိုး ဝင်‌ရောက်လာတာကြောင့်…

ပြင်သစ်လေယာဉ်တင် သင်္ဘောအုပ်စုကို ပင်လယ်နီနဲ့ ဧဒင်ပင်လယ်ကွေ့သို့ ပြောင်းရွှေ့ချထား

ပါရီ၊ မေ ၇ ပြင်သစ်ရဲ့ တိုက်ခိုက်ရေး လေယာဉ်တင် သင်္ဘော အုပ်စုဟာ စူးအက်တူးမြောင်းကို ဖြတ်သန်းပြီး ပင်လယ်နီနဲ့ ဧဒင်ပင်လယ်ကွေ့သို့ ဦးတည် ခုတ်မောင်းနေကြောင်း ပြင်သစ် စစ်တပ်က ပြောပါတယ်။ ပြင်သစ် စစ်တပ်က ဟောမု့ဇ် ရေလက်ကြား တဝှမ်း ပြောင်းလဲလာနေတဲ့ နိုင်ငံတကာ အခြေအနေအတွက် တပ်ဖွဲ့တွေ ချထားမှုနဲ့ ဆက်နွယ်မှု ရှိနေပါတယ်။ ချားလ်စ်…

ထိုင်းတောင်ပိုင်းက တောရိုင်းတိရိစ္ဆာန် မှောင်ခို ဖမ်းဆီးမှုအတွင်း မြွေအကောင်ရေ ၁၀၀ ကျော် တွေ့ရှိ

ဘန်ကောက်၊ မေ ၇ ထိုင်းနိုင်ငံ တောင်ပိုင်းကနေ ဖောက်သည်တွေဆီ ပို့ဆောင်ပေးဖို့ သယ်ယူလာတဲ့ မြွေအများစု ပါဝင်တဲ့ တိရိစ္ဆာန်ကောင်ရေ ၁၀၀ ကျော်ကို ထိုင်းနဲ့ အမေရိကန် အရာရှိတွေက ဖမ်းဆီးလိုက်ပါတယ်။ တောရိုင်း တိရိစ္ဆာန် အများအပြား တင်ပို့လိမ့်မယ်ဆိုတဲ့ သတင်းပေးချက်အရ ဘန်ကောက်ကို သွားမယ့် ချာအမ်ဒေသ ဖတ်ခါဆန် အဝေးပြေးလမ်းအပိုင်းမှာ အဝေးပြေးလမ်း ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်မှာ…

တနင်္သာရီမှာ စစ်သား နှစ်ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

တနင်္သာရီ၊ မေ ၇ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ခမရ ၅၆၁ တပ်ရင်းက တပ်သား နှစ်ဦးဟာ ပြီးခဲ့တဲ့ မေ ၆ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄) နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေထံ ဘက်ပြောင်းခိုလှုံလာတာပါ။…

ဒီမိုကရေစီအစိုးရ ဆက်လက်ပိတ်ဆို့ခံနေရတယ်လို့ အာဏာသိမ်း သမ္မတ ပြော

နေပြည်တော်၊ မေ ၇ ပြည်သူတွေ ရွေးချယ်ထားတဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ တာဝန်ထမ်းဆောင်နေတဲ့ မိမိတို့အစိုးရအပေါ် နိုင်ငံတချို့က ကန့်သတ်မှုတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်လက် ဖိအားပေး လုပ်ဆောင်နေတယ်လို့ အာဏာသိမ်း သမ္မတက ပြောပါတယ်။ မနေ့ မေ ၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်အစိုးရရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုခဲ့တာ…

ဟောမု့ဇ် ရေလက်ကြားကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဖွင့်ဖို့ တရုတ် တိုက်တွန်း

ဘေဂျင်း၊ မေ ၇ အီရန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဟောမု့ဇ် ရေလက်ကြားကို တတ်နိုင်သမျှ အမြန်ဆုံး ဖွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အီရန် စစ်ပွဲ စတင်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီရဲ့ ပထမဆုံး တရုတ် ခရီးစဉ်အတွင်း ဝန်ကြီး ဝမ်ယိနဲ့ ဘေဂျင်းမြို့မှာ မေ ၆ ရက်က…

မြန်မာ ရွေးကောက်ပွဲကို အသိအမှတ်ပြုရေး အာဆီယံ ဘုံသဘောတူညီချက် မရသေး

မနီလာ၊ မေ ၇ မြန်မာ ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ်ပြုရေးနဲ့ ပတ်သက်လို့ အာဆီယံအနေနဲ့ ဘုံသဘောတူညီမှု မရှိသေးဘူးလို့ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ သူ့ရဲ့ အာဏာ ဆုပ်ကိုင်ထားမှု တရားဝင် ဖြစ်အောင် လုပ်ဆောင်ပြီး ဧပြီလမှာ သမ္မတ ရာထူးကို ယူလိုက်ပြီးနောက် အခုလို…