SOUDA, GREECE - MARCH 23: The United Stated Navy aircraft carrier USS Gerald R. Ford arrives in Souda Bay on March 23, 2026 in Souda, Greece. The USS Gerald R. Ford is undergoing repairs at Naval Support Activity Souda Bay on the Greek island of Crete, following a fire that reportedly broke out in a laundry room on the aircraft carrier earlier this month, injuring some sailors and causing significant damage. The vessel has also had issues with its toilet system. Since departing Norfolk, Virginia on June 24 last year, the Ford has been deployed to the Mediterranean, Caribbean, and most recently the Red Sea as part of U.S. operations against Iran, and is currently on course to become the longest deployed carrier since the Vietnam War. (Photo by Carl Court/Getty Images)

ပါရီ၊ မေ ၇

ပြင်သစ်ရဲ့ တိုက်ခိုက်ရေး လေယာဉ်တင် သင်္ဘော အုပ်စုဟာ စူးအက်တူးမြောင်းကို ဖြတ်သန်းပြီး ပင်လယ်နီနဲ့ ဧဒင်ပင်လယ်ကွေ့သို့ ဦးတည် ခုတ်မောင်းနေကြောင်း ပြင်သစ် စစ်တပ်က ပြောပါတယ်။

ပြင်သစ် စစ်တပ်က ဟောမု့ဇ် ရေလက်ကြား တဝှမ်း ပြောင်းလဲလာနေတဲ့ နိုင်ငံတကာ အခြေအနေအတွက် တပ်ဖွဲ့တွေ ချထားမှုနဲ့ ဆက်နွယ်မှု ရှိနေပါတယ်။

ချားလ်စ် ဒီဂူလီ တိုက်ခိုက်ရေး ရေယာဉ် အုပ်စုဟာ အရှေ့ မြေထဲပင်လယ်ဆီကနေ ပင်လယ်နီနဲ့ ဧဒင် ပင်လယ်ကွေ့ဆီ ပြောင်းရွှေ့ချထားကြောင်း ပြင်သစ် စစ်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလုပ်ရပ်ဟာ ခုခံ ကာကွယ်ရေး ဆောင်ရွက်မှု ဖြစ်ကြောင်း၊ နိုင်ငံတကာ ဥပဒေကိုအပြည့်အဝ လေးစားမှုနဲ့ ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြင်သစ်အစိုးရက ပြောပါတယ်။

ဒေသဆိုင်ရာ လက်တွဲဖော်တွေကို ကူညီပေးရေး ရေကြောင်း သွားလာမှု လုံခြုံရေး သေချာစေရေးအတွက် အခုလို တိုက်ခိုက်ရေး လေယာဉ်တင် သင်္ဘော အုပ်စုကို ပြောင်းရွှေ့ချထားတာ ဖြစ်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဟောမု့ဇ် ရေလက်ကြား အခြေအနေကြောင့် တစ်ကမ္ဘာလုံးအပေါ် သက်ရောက်မှုရှိကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြင်သစ်အနေနဲ့ စစ်ပွဲထဲမှာ မပါဝင်ပေမယ့် နိုင်ငံတကာ ဥပဒေတွေကို လေးစားဖို့ ကတိပြုထားဆဲ ဖြစ်ပြီး နိုင်ငံအားလုံးရဲ့ အချုပ်အခြာ အာဏာကို လေးစားကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က စစ်ပွဲ စတင်ပြီးကတည်းက ပြင်သစ် စစ်တပ်အနေနဲ့ ကာကွယ်ရေး အတွက် နေရာယူထားပြီး ဗြိတိန်အပါအဝင် လက်တွဲဖော် နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ပေးရေး နိုင်ငံပေါင်း ၄၀ ကျော်က တောင်းဆိုထားကြောင်းလည်း ပါရီ အစိုးရက ပြောပါတယ်။

ပြင်သစ် လေယာဉ်တင်သင်္ဘောနဲ့ စောင့်ကြပ်လိုက်ပါတဲ့ သင်္ဘော အုပ်စုဟာ မေ ၆ ရက်မှာ စူးအက်တူးမြောင်းကို ဖြတ်သန်းမှာ ဖြစ်ပြီး ပင်လယ်နီ တောင်ပိုင်း လမ်းကြောင်းထဲ ဝင်ရောက်မှာ ဖြစ်တယ်လို့ ပြင်သစ် စစ်တပ်က ပြောပါတယ်။

Ref:NavalNews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.