May 5, 2026

စစ်အာဏာသိမ်း (၁၉၂၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၂၃) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၆ AAPP ရဲ့ မေ၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၂၀) ရက်အတွင်း ပြည်သူ (၈၀၂၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၉၃၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၇၈)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

မဟာမိတ်တိုင်းရင်းသားတွေနဲ့အတူ အောင်ပွဲဆီ ဆက်လက်ချီတက်ကြဖို့ NUG ဝန်ကြီးချုပ် တိုက်တွန်း

မော်လမြိုင် ၊ မေ ၆ ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေး တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စုစည်းညီညွတ်စွာ အောင်ပွဲဆီသို့ ဆက်လက် ချီတက်ကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပါတယ်။ မေ ၅ ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်က…

မွန်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပြန်ရွေးမယ်

မော်လမြိုင် ၊ မေ ၆ မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်သွားမယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မေလအတွင်း အပြီးသတ်ပြန်လည်ရွေးချယ်သွားမှာ ဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း ကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းသွားဖို့ ရှိနေပါတယ်။ အရပ်သားအစိုးရအသွင်ပြောင်း စစ်အစိုးရဟာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေအရ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်မှူးတွေကို ပြန်လည်ရွေးချယ်တော့မှာ…

ဘီးလင်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၄ ဦး အရှင်ဖမ်းမိ

ဘီးလင်း၊ မေ ၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်နဲ့လေးကေစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အထူးတိုင်းစစ်ဌာနက မေ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဘီးလင်းအခြေစိုက် လေးကေစစ်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး အောင်ဇော်မိုးအပါအဝင်…

ဟောမု့ဇ် ရေလက်ကြားမှာ သင်္ဘောမီးလောင်ကျွမ်းမှု တောင်ကိုရီးယား စုံစမ်းစစ်ဆေးမယ်

ဆိုးလ်၊ မေ ၅ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အီရန် တိုက်ခိုက်မှုကြောင့်လို့ ပြောထားတဲ့ ဖြစ်ရပ် တစ်ခု အတွင်း ဟောမု့ဇ် ရေလက်ကြားထဲ တောင်ကိုရီးယား ပြေးဆွဲတဲ့ ကုန်တင်သင်္ဘော မီးလောင် ပေါက်ကွဲမှုကို စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ကြောင်း ဆိုးလ်အစိုးရက မေ ၅ ရက်မှာ ပြောပါတယ်။ သင်္ဘောကို ဆွဲယူပြီး…

ကမ္ဘောဒီးယားနဲ့ စွမ်းအင်ပူးပေါင်းရှာဖွေရေး သဘောတူညီချက် ထိုင်း ပယ်ဖျက်

ဘန်ကောက်၊ မေ ၅ သက်တမ်း ၂၅ နှစ်ရှိ ကမ်းလွန် စွမ်းအင် ပူးပေါင်းရှာဖွေရေး ကမ္ဘောဒီးယားနဲ့ သဘောတူညီချက်ကို မေ ၅ ရက်မှာ ပယ်ဖျက်လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောလိုက်ပါတယ်။ ကြာရှည်နေပြီဖြစ်တဲ့ သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းထားရေး အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံက တောင်ဆိုထားပေမယ့် ထိုင်း အစိုးရက အခုလိုမျိုး ပယ်ချခဲ့တာ ဖြစ်ပါတယ်။…

ရေးမှာ စစ်တပ်ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း အမျိုးသား တစ်ဦး သေဆုံး

ရေး၊ မေ ၅ မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်ကျေးရွာမှာ စစ်ကော်မရှင်တပ် ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၃ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ချောင်းတောင်ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းချနေသူ တစ်ဦးကို အင်အားအလုံးအရင်းနဲ့…

တစ်လအတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သား ၄၀ နီးပါးသေဆုံး

မော်လမြိုင်၊ မေ ၅ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့တစ်လအတွင်း အာဏာသိမ်းစစ်ကော်မရှင်တပ်ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ တစ်ဦးရှိခဲ့ပြီး စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၇ ဦး သေဆုံးခဲ့တယ်လို့…

‎ဟောမု့ဇ် ရေလက်ကြားရှိ အီရန် အမြန် ရေယာဉ်တွေကို အမေရိကန် တိုက်ခိုက်

‎ဝါရှင်တန်၊ မေ ၅‎‎အီရန် ပိတ်ဆို့ထားတဲ့ ဟောမု့ဇ် ရေလက်ကြားအနီး ပိတ်မိနေတဲ့ သင်္ဘောတွေကို ဝါရှင်တန်က ဦးဆောင် ခေါ်ထုတ်ဖို့ ကြိုးပမ်းနေချိန် ရေလက်ကြားရှိ အီရန် အမြန် ရေယာဉ် ၇ စီးကို အမေရိကန်က တိုက်ခိုက်ခဲ့တယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။‎‎အဲဒီ အရေးပါတဲ့ ရေလမ်းကြောင်းမှာ သင်္ဘောတွေ တိုက်ခိုက်ခံရတယ်လို့ ယူအေအီးနဲ့ တောင်ကိုရီးယား…

မာလီ စစ်ခေါင်းဆောင်က သူ့ကိုယ်သူ ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်

ဘမ်မာကို၊ မေ ၅ အမှတ်မထင် တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးသွားပြီးနောက် မာလီ စစ်ခေါင်းဆောင် ဗိုလ်ချုပ် အက်ဆီမီ ဂိုအီတာက သူ့ကိုယ်သူ ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်လိုက်ပါတယ်။ အနောက်အာဖရိကရှိ မာလီနိုင်ငံမှာ ဂျီဟတ် ဝါဒီတွေနဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေက နိုင်ငံတဝှမ်း စီးနင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် သီတင်း တစ်ပတ်ကျော်ကြာတဲ့အထိ လုံခြုံရေး ပြဿနာနဲ့ ကြုံတွေ့နေရဆဲ…